Ep. 1

24K 1K 36
                                    

Kim မျိုးရိိုးဆိုတာ ဘယ်သူ့အောက်မှအောက်ကျခံလေ့မရှိတဲ့ မျိုးရိုး ဆွေစဥ်မျိုးဆက် Alpha တွေသာဖွားမြင်ခဲ့ပီး တစ်နည်းအားဖြင့် မောက်မာကြသည်
Omega တွေကို မတူသလိုမတန်သလိုဆက်ဆံတာ သူတို့ တွက်ပျော်စရာပင် ငွေ​ကြေးဥစ္စာချမ်းသာကြတဲ့သူတို့အဖို့ အရာရာဟာလွယ်ကူသည်ဟုထင်ကြသည် သို့ပေမဲ့ တစ်နေ့သောနေ့မှာ
Kim Miyoon ဆိုသည့်တစ်နည်းအားဖြင့် Kimအိမ်တော်၏အငယ်ဆုံးချွေးမ မီးဖွားခဲ့သည်

အူငဲ~~~~~~~~~~~~~

ယောကျာ်းလေးပါဘဲသခင်မကြီး

နူတ်ခမ်းပါကို ကွေ့တတ်အောင်ပြုံးလိုက်သည့်အမျိုးသမီးတစ်ဦး
ထိုအမျိုးသမီးသည် Kim အိမ်တော်ကြီးကိုလက်ရှိထိန်းချုပ်နေသူ Kim SoMee ဖြစ်သည်
အသက်လေးဆယ်ကျော်ရှိပီပေမဲ့လည်း ထိုအမျိုးသမီးသည် ကြည့်ကောင်းနေဆဲ
သူမကိုယ်တိုင်လည်း Omega ဖြစ်သလို မျိုးရိုးထဲကမှာ Omega ဆိုတာကိုမလိုလားသူ အကယ်၍ Omega ဆိုတာမျိုးရိုးထဲပေါက်ဖွားလာလျှင် ဘာလုပ်ပစ်မယ်ဆိုတာ ကိုယ်တိုင်သာသိသည်

အင်းး ယောကျာ်းလေးဆိုတော့ သေချာပေါက် Alpha ဘဲ ဟားဟား

မှန်တယ် အမေ

Kim Sojeon
တစ်နည်းအားဖြင့် Kim Miyoon ၏ယောကျာ်း Kim Somee ၏သားဖြစ်သူ
Omega ချွေးမကိုအမြင်မကြည်ပေမဲ့ သားဖြစ်သူကြောင့် လက်ခံထားခြင်းဖြစ်သညိ

ညနေကျရင် မြို့မှာရှိတဲ့လူတွေကို ညစာစားပွဲဖိတ်လိုက်ပါ အောင်ပွဲခံကမှာပေါ့

ဟုတ်ကဲ့ အမေ

Kim Miyoon တစ်ယောက်လက်ထဲက သားဖြစ်သူလေးကိုကြည့်ပီး ပြုံးနေမိသည် ပါးဖောင်းဖောင်းလေးနဲ့ ချစ်ဖို့ကောင်းလွန်းတဲ့သူမသားလေ စိတ်ထဲတွင်လည်းကြောက်နေမိသည် အကယ်၍ Alphaမဖြစ် ​ ခဲ့ရင်ဆိုတဲ့စိတ်ကသူမကိုခြောက်လန့်နေသည် သို့ပေမဲ့သူမသားလေးကိုတော့ အထိခိုက်မခံနိုင်ပါ အတတ်နိုင်ဆုံးကာကွယ်မှာ သူမအသက်ပေးရရင်တောင် ကာကွယ်သွားမှာ

.................
Other side

Jeon အိမ်တော်ကြီး
True Blood Alpha တွေသာဖွားမြင်သည့်အိမ် ယခုထိတိုင်လည်း သူတို့မျိုးရိုးထဲ ယောကျာ်းလေးဆို Alpha တွေကြီးသာOmegaကိုလိုချင်ပေမဲ့မွေးလာတိုင်းAlpha တွေသာဖြစ်သည် သူတို့ကတော့ Kim မိသားစုနဲ့မတူ ကြင်နာတတ်ကြသည် မြို့ထဲမှာဒုက္ခရောက်နေတဲ့လူတွေကိုကူညီပေးကြသည် Kimမိသားစုရဲ့စိတ်ဓာတ်နဲ့ဆန့်ကျင်ဘက်ပင် တစ်နေ့သောနေ့မှာ Jeon jiyoom
jeon Minho ၏ဇနီးဖြစ်သူသည်
Omega သမီးလေးဖွားမြင်ခဲ့သည် သမီးလေးသည် Omega ဆိုသည့်တိုင်းနူးညံသိမ်မွေ့လွန်းသည် ချောမောလွန်းသည်
တစ်နေ့သောနေ့မှာ Kim အိမ်တော်ကသူတို့သားလတ်နှင့်လက်ထပ်ပေးရန်တောင်းဆိုခဲ့သည် သမီးလေးကလည်း သဘောတူခဲ့သဖြင့် လက်ထပ်ပေးလိုက်ကြသည် သို့ပေမဲ့ ထိုလက်ထပ်ပွဲကြောင့် သမီးလေးဘဝဒုက္ခရောက်ခဲ့မည်ဆိုတာသိလျှင် ခုလိုလုပ်မိမှာမဟုတ်
လက်ထပ်ပြီး နှစ်နှစ်အကြာသမီးလေးဆုံးသွားခဲ့သည် Kim မိသားစုရဲ့အပြစ်မကင်းဘူးပေါ့
သူတို့ရဲ့သားလတ်ဆိုသည့် ကောင်သည် ဖောက်ပြန်ခဲ့သည် သမီးလေးက ပြောတော့ Kim Somee ဆိုသည့် အဖွားကြီးက Alpha ဆိုတာဒီလိုဘဲဆိုတဲ့စကားတစ်ခွန်းသာအမြဲတမ်းပြောသည်
သိုပေမဲ့တစ်နေ့မှာ ထို Alpha ကောင် သူ့အိမ်မှာသူ့သူငယ်ချင်းတွေခေါ်ကာပျော်ပါးသည့်နေ့က သမီးလေးကိုဆုံးရူံးခဲ့ရသည်
သူငယ်ချင်းတွေနဲ့အတူ မိန်းမတစ်ဦးပါ အိပ်ယာပေါ်ခေါ်တင်လာတာကြောင့် နှစ်ယောက်သားစကားများကြ​ရာကနေ လှေကားပေါ်ကနေတွန်းချခဲ့ခြင်းဖြစ်သည် အဲ့နေ့က စ၍ Jeon အိမ်တော်မှာ ပျော်ရွှခြင်းပျောက်ဆုံးခဲ့သည်
သူတို့ လက်စားချေရန်သာစိတ်ထဲမှာထည့်ထားခဲ့သည်
တစ်နေ့သူတို့အိမ်က Omega မွေးဖွားလျှင် Jeon အိမ်တော်ကို ခေါ်ယူမည်ဟု ဆုံးဖြတ်ချက်ချခဲ့ကြသည်.
သမီးလေးဆုံး​ပြီး သည့်နောက်ပိုင်း နှစ်နှစ်ကြာတော့ သားငယ်လေးတစ်ယောက်ဖွားမြင်ခဲ့သည် Jeon အိမ်တော်၏ တစ်ဦးတည်းသော သား Jeon jungkook

He is My Omega (Complete)Where stories live. Discover now