Chapter 1- အချစ်ဆိုတာ ဂျိုနဲ့လား?

108 8 4
                                    

ချွင်ကနဲ ဆိုတဲ့ ကြေးစည်ထုသံသဲ့သဲ့ကြောင့် မတင်ရီ တစ်ယောက် နိုးလာခဲ့ရတယ်။

မနက် ၅နာရီတောင် ခွဲနေပါရောလား ဆိုတဲ့ အသိကြောင့် မတင်ရီတစ်ယောက် အိပ်မှုန်စုန်မွှားတောင် မဖြစ်အားဘဲ ခြင်ထောင်ထဲက အူယားဖားယား ထွက်ရတယ်။

မတင်ရီရဲ့ အဓိက စီးပွားရေးက ပဲပြုတ်ရောင်းတာ၊ နောက်ပြီး ပဲပြုတ်ဆိုတာမျိုးက မနက်စာ စားကြတာ။ အခုလို နောက်ကျပုံမျိုးနဲ့ဆို ဒီနေ့ အရင်းပြုတ်ဖို့ ရှိတယ်။

မတင်ရီ တစ်ယောက် အူယားဖားယားနဲ့ မီးဖိုချောင်ထဲကို ပြေးဝင်ပြီး လုပ်စရာရှိတဲ့ ကိစ္စဝိစ္စအထွေထွေကို ဆောင်ရွက်ရတယ်။ ပဲက ညကတည်းက ပြုတ်တင်ထားပြီးသား ဆိုတော့ လုပ်စရာကတော့ များများစားစား မရှိတော့ဘူး။ နောက်ပြီးမှာတော့ မျက်နှာသစ်၊ သနပ်ခါးရေကျဲလေး လိမ်း၊ ဆံပင်ကို ဘီးဆံပတ်လေးနဲ့ ထုံးတင်၊ ဟော မတင်ရီ တစ်ယောက် ပြင်လို့ဆင်လို့ ပြီးသွားပါရောလား။

အဲ့ဒီနောက်မှာတော့ မတင်ရီ တစ်ယောက် ဈေးရောင်းထွက်မယ့် တောင်းလေးထဲကို ပဲပြုတ်တွေ လှဲထည့်ရတယ်။ ပဲပြုတ်ရောင်းတာဆိုလို့ အထင်မသေးလိုက်နဲ့၊ ဒါက မတင်ရီတို့ တစ်မိသားစုလုံးကို တင်ကျွေးထားတဲ့ ထမင်းအိုးကြီး။

တခြားစရိတ်စခတွေတော့ မကာမိပေမဲ့ ဒီပဲပြုတ်တစ်တောင်း ရောင်းရင် မတင်ရီတို့ ဝမ်းမဟာဘဲနဲ့ ညဘက် အေးအေးလူလူ အိပ်လို့ရတယ်။

အဲ အိပ်လို့ရတယ်ပြောမှ မတင်ရီရဲ့ ချစ်လင်တော်မောင် တစ်ယောက် မထလာသေးပါလား။

ပထမတော့ ကိုယ့်အတွေးနဲ့ ကိုယ် ပျာပန်းခတ်နေတဲ့ မတင်ရီတစ်ယောက် အခုမှ ဒေါသထွက်ဖို့ သတိရသွားမိတယ်။ တကယ်တော့ မတင်ရီက စိတ်ကလဲ လက်တစ်ဆစ်ပဲ ရှိပြီးတော့ လက်ကလဲ အင်မတန်သွက်သေးတာ။ အဲ့တာကြောင့် ထစ်ခနဲဆိုတာနဲ့ မတင်ရီတို့ လင်မယား စကားများကြပြီ။

ခြင်ထောင်ထဲမှာ ကုလားသေကုလားမော အိပ်နေသေးတဲ့ လင်တော်မောင် ဖြစ်သူကို မတင်ရီတစ်ယောက် ချဉ်တူးစွာနဲ့ ကြည့်လိုက်တယ်။

ဒီလောက်တောင် မယားလုပ်တဲ့သူက တကုတ်ကုတ်နဲ့ အလုပ်များနေတာတောင် ဒင်းက အေးအေးလူလူ အိပ်နေနိုင်သေးတယ်။

တို့များ ချစ်ခြင်းမေတ္တာအကြောင်း ပြောကြတဲ့အခါ...Where stories live. Discover now