chapter-1

83 8 0
                                    

Unicode

"မင်း ရှန်းဝူချင်း အလုပ်ကို ဘယ်လိုနေတာလည်း မင်းလုပ်ထားတဲ့ စာရင်းတွေက အမှားတွေကြီးဘဲ"

မန်နေဂျာရုံခန်းတွင် ရှန်းဝူချင်းတစ်ယောက်အဆူခံနေရသည်။

သူလုပ်တာမမှားပေမယ့် မန်နေဂျာက သူ့ထက် ပိုကာ ချောမောနေတဲ့ ရှန်းဝူချင်းကို တမင် မနာလို၍ နှိမ့်ချနေခြင်းသာဖြစ်သည်

"ကောင်းပါပြီ ဂျာကြီး"

ပြန်ပြောချင်ပေမယ့် ပြေမရတဲ့အခြေအနေမို့ သည်းခံလိုက်ရသည်။

"သွား.သွား ပြန်ပြင်လိုက် မင်းဒီနေ့ အချိန်ပိုဆင်းရမယ်"

"ဗျာ"
'ဝက်ကြီး ငါ့ကိုအချိန်ပိုဆင်းစေချင်နေတာလား'

"ဘာလဲ ဘောနပ်မလိုချင်တော့ဘူးလား"

"ကောင်းပါပြီ ကျွန်တော်သွားလုပ်လိုက်ပါ့မယ်"

____________

"ဘယ်လိုလည်းအဆင်ပြေလား ရှန်းကော"

ပြန်ရောက်တာနဲ့ ဘေးက အမကမေးတယ်

"မပြေပါဘူးဗျာ အချိန်ပိုဆင်းရမယ်တဲ့"

"ဟယ် အဲတာက သူတမင်သက်သက်လုပ်နေတာ အလကား ပါ သူကျ ဘာမှ မတတ်ဘဲနဲ့"

ရှန်းဝူချင်း ဘာမှတေု့ပြန်မပြောလိုက်ပေ ပြောလို့ကလည်မကောင်း ကြိ့အလုပ်သာဆက်လုပ် လိုက်ရတယ် ဒါမှစောစောပြန်လို့ရမှာ

ရှန်းဝူချင်းမတုန့်ပြန်တာမြင်လို့ ဘေးက အမလည်း ဘာမှမပြောတော့ပေ။
ရှန်းဝူချင်းနဲ့သိတာကြာပြီပေမယ့် သူစကားပြောတာက ခပ်ရှားရှားပေ ဒီနေ့ သူမကိုပြန်ပြောတာတောင် ကျေးဇူးတင်ရဦးမယ်

"ဟဲ့"
သူမတွေးနေတုန်းရှိသေး သူမသူငယ်ချင်းကလှမ်းခေါ်သည်။

"အေး ဘာလည်း"

"မနေ့က နင်ပြောတဲ့ novelလေ ငါဖတ်ကြည့်တယ် သိလား ကောင်းလိုက်တာဟယ်"

"ဘယ် ဟာလည်းဟ"

"အော်. ဟို အမတလောကက ဘာဆိုလည်း ငါလည်းငတုံးဟယ် မနေ့ကမှဖတ်လာတာကိုနာမည် က မေ့နေပြီ"

"အော် ငါသိပြီ အမတလောက ကကြာတစ်ပွင့်မလား ငါတောင်ပြောသေးတယ် ဗီလိန်က ငါ့တို့ စာရင်းစစ်ရုံးရဲ့ လူချောလေး ရှန်းဝူချင်းနဲ့တူတယ်ဆိုတာလေ "

ဗီလိန်လမ်းကြောင်းမှ လွတ်မြောက်ရန်နည်းလမ်းWhere stories live. Discover now