24🌚

9.5K 277 75
                                    

ပြောထားခဲ့တဲ့စကားအတိုင်းအလုပ်ကနေ သူတို့နှစ်ယောက်အိမ်သို့ပြန်လာခဲ့တဲ့ ထယ်ဟျောင်း..အခန်းထဲဝင်ကာရေမိုးချိုးလို့ ဂျောင်ဂုပြန်အလာကိုအသင့်စောင့်နေသည်..

" ငါဒီနေ့တရက်ပဲစောပြန်ပါရစေကွာ နော်မင်းတို့ကလည်း တရက်ထဲပါဆို "

ဟီုဘီ " ဘာတွေလာပြောနေတာလည်း မင်းဆိုင်မှာသေချာအလုပ်လုပ်တဲ့နေ့က လက်ချိုးရေလို့တောင်ရတယ်မပြန်ရဘူး "

" လုပ်ပါကွာ ဒီနေ့တရက်ထဲပါ ခုဆို ထယ်ဟျောင်းစောင့်နေလောက်ပြီကွ ဒီနေ့မှအိမ်ပြန်လာမယ်ဆိုပြီးသူကိုယ်တိုင်ပြောတာမို့လို့ပါလုပ်ပါကွာ မင်းတို့ကလည်း ဒီအခြေအနေရဖို့ မင်းတို့သူငယ်ချင်းကြီးဘယ်လိုတောင်ကြိုးစားအားထုတ်ခဲ့ရလည်းအသိဆုံးပါကွာ "

မနက်ခင်းထဲက ဆိုင်ရောက်ပြီးမကြာဘူး ညနေအိမ်စောစောပြန်မယ်လို့ပြောလာတဲ့ ဂျောင်ဂုကို ညနေရောက်တော့ တမင်ကြည့်မရတာနဲ့ မပြန်ရဘူးဆိုပြီး ညစ်နေကြတဲ့ သူငယ်ချင်းနှစ်ယောက်ဟိုဘီနဲ့ ဂျီမင်နောက်ကို တကောက်ကောက်လိုက်ကာ ပြန်ခွင့်ပေးပါဆိုပြီးလိုက်ပြောနေတဲ့ ဂျောင်ဂု..

" လုပ်ပါကွာ တရက်ထဲပါ နောက်နေ့ကစပြီး ငါမိုးလင်းမိုးချုပ် ဆိုင်မှာနေပေးပါ့မယ် ဒီနေ့တရက်ထဲပဲ "

ဂျီမင် " ဘာတွေလာပြောနေတာလည်းနားညီးတယ် "

" အားးးဟင့်ဟင့် အိမ်ပြန်ချင်လို့ပါဆို "

ဆိုင်ထဲမှာလူမရှိသေးလို့ပင်တော်တော့သည်..
သူငယ်ချင်းနှစ်ယောက်ရဲ့နား ကြမ်းပြင်ပေါ်ထိုင်ချလိုက်ပြီး ခြေဆင်းကာခြေထောက်နှစ်ချောင်းပွတ်လို့ ကလေးတယောက်လိုအော်ငိုလိုက်တဲ့ဂျောင်ဂုရဲ့အပြုအမှုကြောင့် ဟိုဘီနဲ့ဂျီမင် မှာအစကတော့လန့်သွားပေမယ့် ဂျောင်ဂု ပုံစံကိုကြည့်ပြီးအော်ကာရယ်ပါတော့သည်...

"ဟားဟားဟား ဟားဟားဟား "

သူငယ်ချင်းဆိုပေမယ့် အငယ်ဆုံးဖြစ်နေတော့ဆိုးချင်သလိုကိုဆိုးနေတာ သူငယ်ချင်းအကိုဖြစ်သူတွေမှာ ဂျောင်ဂုဆိုအမြဲအလိုလိုက်သည်.ခုပဲကြည့် လုပ်ပြနေတာကိုအသဲတွေယားကာအော်ရယ်ပြီး မနိုင်တဲ့အဆုံးပြန်လွှတ်လိုက်ရတော့သည်...

𝕄𝕣. 𝕄𝕣 (complete) Where stories live. Discover now