chapter-5

47 8 0
                                    

စနစ်က ဆုတွေ ပေးပြီးတာနဲ့ တစ်ဖန်ပြန်တိတ်ဆိတ်သွားလေသည်။

ရှန်းဝူချင်းလည်း အခန်းကိုသာပြန်လိုက်ပြီး
တင်ပျဉ်ခွေ ထိုင်ကာ စနစ်က ပေးတဲ့ အဆင့်ကြီး နှစ်ဆင့် ကျော်ဖြတ်ခွင့်ကို ရယူဖို့ပြင်ဆင်လိုက်သည်။

ရှန်းဝူချင်းက ရေခဲ စိတ်ဝိညာဉ်အမြစ်ပါ သူဖြစ်ပြီး ရှန်းဂိုဏ်းမှာ ရှားပါးတဲ့ ရေခဲ ကျင့်ကြံသူတွေ ထဲက တစ်ယောက်လည်းဖြစ်သည်။

တင်ပျဉ်ခွေထိုင်ပြီး လက်နှစ်ဖက်ကို မုဒြာ ပုံစံနဲ့ အဆင့်နှစ်ဆင့်ကို အရင် ဖြတ်‌ ကျော်လိုက်သည်။

မူလပိုင်ရှင်က ပညာသင် အဆင့်မှာ ရှိနေပြီး စနစ်က အဆင့်ကြီးနှစ်ဆင့် မြှင့်တင်ပေးလိုက်တော့ အခု ဆို သူက သမားဆရာအဆင့်ရောက်တော့မှာဖြစ်သည်။

2နာရီ ကြာပြီးနောက်...

"ဟူးး..အခြေခံခိုင်အောင် လုပ်ဖို့မလိုဘူးဘဲ စနစ်က ပေးတဲ့ ဆုမလို့ထင်တယ် အရမ်းကို စွမ်းအားကြီးတယ်"

သူ အဆင့်ကို မြှင့်ပြီး ပြီဆိုတော့ နောက်ထပ် အနက်ရောင်အဆင့် ကောင်းကင်ရေခဲကျင့်စဉ်ကို လေ့လာဖို့ပြင်ဆင်လိုက်သည်။

အနက်ရောင်အဆင့်ဆိုတဲ့အတိုင်း တော်တော်ကို စွမ်းအားကြီးတဲ့ သိုင်းကျင့်စဉ် တစ်ခုဖြစ်သည်။

ကောင်းကင်ရေခဲ ကျင့်စဉ်မှာ အဆင့် ၃ဆင့်ပါဝင်ပြီး တစ်ဆင့်ချင်းစီ၌သူမတူတဲ့ စွမ်းအားတွေရှိလေသည်။

ရှန်းဝူချင်းလည်း မူလပုံစံအတိုင်းဘဲ ကျင့်စဉ်ကို လက်ခံလိုက်သည်။

"ဒင်...စနစ်ရှင်က ကျင့်စဉ် တစ်ခုလေ့လာနေကြောင်း‌ထောက်လှမ်းမိပါသဖြင့် ဆွဲငင်အားစတင်ပါပြီ "

"ဒင်..ဒင် ဂုဏ်ယူပါတယ် ကောင်းကင်ရေခဲကျင့်စဉ်ကို အဆင့်မြင့်ဆုံးအထိ လေ့လာပြီးပါပြီ"

ရှန်းဝူချင်းက ကျင့်စဉ်ကို လက်ခံပြီး မကြာခင်မှာဘဲ စနစ်က သူ့ကို ကျင့်စဉ်ရဲ့အမြင့်ဆုံးအထိ တိုက်ရိုက် မြှင့်တင်ပေးလိုက်သည် သူလေ့ကျင့်စရာတောင်မလိုလိုက်ပေ။

ကောင်းကင်ရေခဲ ကျင့်စဉ်ရဲ့ အဆင့်၃ခုက
ကန်ရေပြင်အေးခဲခြင်း
ပင်လယ် အေးခဲခြင်း
သမုဒ္ဒရာအေးခဲခြင်
တို့ဖြစ်သည် ။
အခု သူက အမြင့်ဆုံးအဆင့် သမုဒ္ဒရာအေးခဲခြင်းအဆင့် ရောက်သွားပြီဖြစ်သည်
ဒီအဆင့်မှာ သူက မီတာ ၅၀၀၀ပတ်လည်အထိ အတွေးတစ်ချက်နဲ့တင်အေးခဲပြစ်လိုက်လို့လေသည်

ဗီလိန်လမ်းကြောင်းမှ လွတ်မြောက်ရန်နည်းလမ်းWhere stories live. Discover now