ဟယ်လို...ညာဘက်မျက်ခုံးထောင့်မှာ မှဲ့နက်လေးနဲ့ ပြုံးလိုက်တိုင်းသိပ်ကိုလှတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်မိသေးလား။ သူကိုယ်တိုင်ပျိုးခဲ့တဲ့ ပန်းခင်းကြီးထဲက ကျူးလစ်ဝါတွေကတော့ သိနေမယ်ထင်ပါတယ်။ ဒီမှာ သူ့အတွက်ရည်ရွယ်ထားတဲ့ အချစ်တွေပို့ပေးချင်လို့ပါ ဘယ်အရပ်မှာရှိနေလဲ လမ်းညွှန်ပေးနိုင်မလား?