Spoilers

207 8 1
                                    

မင်း စိတ်ထဲ ကိုယ်တော် နောင်တရနေမယ်များ ထင်နေခဲ့လား.
နှစ်ပေါင်းများစွာကြာအောင် ကြိမ်ဖန်တစ်သောင်း လူပြန်ဝင်စားရဦးမယ်ဆိုလျင်တောင် ဒီလောကကြီးကို တစ်သက်တာ အုပ်ချုပ်ခွင့်ရဖို့အတွက် ကိုယ်တော့်ရဲ့ နှလုံးသားကို ကြိမ်ဖန်များစွာ ဓားနဲ့မွှန်းနေသလိုမျိူး နာကျင်နေရရင်တောင် ထပ်ခါတလဲလဲ စတေးခံဦးမှာပဲ!
နည်းနည်းလောက်လေး နာကျင်ရတော့ရော ဘာဖြစ်သလဲ!
ဒီခွဲခွာရခြင်းနာကျင်မှု ငါ ကြိမ်ဖန်များစွာ ခံနိုင်ရည် ရှိပါတယ်!

ဒီနားလေးက စစ်သူကြီး(အမျိုးသမီး)က အရမ်းပင်ပန်းသွားလို့ ထွက်သွားတဲ့အခါ လိုက်ပို့တော့ ဘုရင်က သူ့စိတ်ထဲမှာ တွေးမိနေတာလေးပါ..
သူမ ပြန်လှည့်ကြည့်လေမလား ဘုရင်ကတွေးနေခဲ့တာပါ
ဘုရင်က အရင်တုန်းက သူငယ်ငယ် ငါးနှစ်သားလောက်တုန်းက တစ်နန်းတွင်းလုံးမှာ အရမ်းကို အချစ်ခံခဲ့ရတာ..သူ့အဖေ ဘုရင်ကြီးကလည်း ချစ်သလို အမေကလည်း ဘုရင်မ မဟုတ်တာတောင် ကြင်ယာတော်အနေနဲ့ အရမ်းအချစ်ခံရတော့ အကုန်လုံးက သူ့ကို အိမ်ရှေ့စံ မင်းသား ဖြစ်လာမှာလို့ပဲ ထင်ထားကြတာ..
သူ့အမေကိုယ်တိုင်ကလည်း ရည်မှန်းချက်ကြီးတယ် သူ့သားကို ဘုရင်ဖြစ်ဖို့အတွက် အဲ့အရွယ်လောက်ကတည်းက စိတ်ဓာတ်ပိုင်းဆိုင်ရာအတွက်ရော.စာပေ ပညာမှာရော မတတ်တာမရှိအောင် သင်ပေးနေပြီ
စာ မရဘူးလား.ကြိမ်နဲ့ရိုက်တယ်..
ဘုရင်ဆိုတာ အားနည်းချက်ရှိမနေရဘူး..ဒီမိန်းကလေး လှတယ်ထင်လား..ကြာပန်းပုံ အမှတ်နီနီရှိတဲ့ အပျိုတော်လေးရဲ့ လက်ကို လှတယ်လို့ ပြောမိတာကြောင့် ဒုတိယမင်းသားရဲ့ မိခင် ကိုယ်လုပ်တော်က အဲ့အပျိုတော်ရဲ့ လက်ကို စွပ်ပြုတ်လုပ်ပြီးတော့ သူ့သားကို သောက်စေခဲ့တယ်..အဲ့အချိန်ကစလို့ သူ့အမေက အမေ မဟုတ်တော့ဘူး.."အဲ့မိန်းမ"လို့ပဲ သူ့စိတ်ထဲတွေးတော့တယ်.
တစ်ချိန်ကြတော့ အဲ့မိန်းမဟာ အမှားတစ်ခု လုပ်မိတာကြောင့် ဘုရင်က အဆိပ်ဝိုင်ကိုသောက်ပြီး သေဒဏ်ပေးခဲ့တယ်!စိတ်ဆိုးပြီး ပြောလိုက်​တာပေမယ့် တစ်ကယ် သေသွားခဲ့တယ်..သူ့အမေရဲ့ နောက်ဆုံးအချိန်မှာ သူ့ဘေးနားမှာ ဒုတိယမင်းသားလေး တစ်ပါးသာ ရှိနေခဲ့ပြီး သူ့လက်ကို တင်းနေအောင်ကိုင်ရင်း အဲ့မိန်းမက​ ပြောတယ်..

Bạn đã đọc hết các phần đã được đăng tải.

⏰ Cập nhật Lần cuối: Aug 16, 2022 ⏰

Thêm truyện này vào Thư viện của bạn để nhận thông báo chương mới!

Deposed Empress GeneralNơi câu chuyện tồn tại. Hãy khám phá bây giờ