Can I....?

1K 101 23
                                    

မနက်ဖြန်မေမေ့ဆီ စာလာသင်မဲ့ကလေးတစ်ယောက်ရောက်လာမယ်လို့ကြားထားတယ်။ ဂျုံဆောင်းနဲ့ရွယ်တူလောက်တဲ့။ တစ်ဦးတည်းသောသားဖြစ်တဲ့အလျောက် သူငယ်ချင်းမက်တာမို့ မနက်ဖြန်ရောက်လာမဲ့ မေမေ့ကျောင်းသားလေးကို ဒီညကတည်းက တမျှော်မျှော်ရှိနေခဲ့တယ်...။

မေမေက ကျောင်းဆရာမတစ်ဦး။ အပြင်ကျူရှင်ပြတဲ့ဆရာမတော့မဟုတ်တာမို့ နက်ဖြန်စာလာသင်မဲ့သူရောက်မယ်ဆိုတာက ဂျုံဆောင်းလေးကို အကြီးကြီးစိတ်ဝင်စားစေသည်။ မေမေ့အသိမိတ်ဆွေတစ်ဦးရဲ့ ကလေးလို့တော့ပြောတာပဲ။ ခုမှနိုင်ငံခြားကပြန်ရောက်လာလို့ ကျောင်းမတက်ခင် ကိုရီးယားစာအခြေခံလေးတွေရအောင် မေမေ့ဆီအပ်တာတဲ့။

"မေမေ သားရေးလို့ပြီးပြီ"

"ပြပါဦး.. အိုက်ဂူးးး မေမေ့ဂျုံဆောင်းလေးက လက်ရေးတွေလှလိုက်တာ"

"အာ့ဆို သားတီဗီကြည့်တော့မယ်နော် မေမေ"

"ဒါပေါ့ ကြည့်ကြည့် မေမေ နွားနို့ယူခဲ့ပေးမယ်နော်"

"ဟုတ် မေမေ"

မေမေရေးခိုင်းတဲ့ ဗျည်းတွေကို တစ်မျက်နှာစီ ရေးပြီးတဲ့နောက်မှာတော့ ဂျုံဆောင်းကြိုက်တဲ့ Anime ကာတွန်းလေးတွေကြည့်ပြီး ဒီညကို ထပ်ကုန်ဆုံးဦးမည်။ မနက်ရောက်လာမဲ့သူကို ဘယ်သူများလဲမျှော်ရင်းပေါ့လေ။

•••••••••••••••••••

"ဟအင်းးးး မနေခဲ့ချင်ဘူး ပါပါးမသွားးပါနဲ့နော် မထားခဲ့ပါနဲ့ အီးးဟီးးး"

မနက်စောစော ၆နာရီခွဲလောက်ပဲရှိဦးမဲ့အချိန်မှာ အိမ်အောက်ကနေ အာပြဲလန်နေတဲ့ငိုသံကြောင့် အအိပ်မက်တဲ့ဂျုံဆောင်းတစ်ယောက် ဆက်အိပ်မရတော့ပေ။ ဒီလောက်အစောကြီး သူများအိမ်မှာ ဘယ်သူလာအော်ငိုနေတာလဲ ဆိုပြီး ဆူပုပ်ပုပ် အိပ်ချင်မူးတူးနဲ့ ဂျုံဆောင်း အိမ်အောက်ကိုဆင်းခဲ့တယ်။

"သားသားရယ် ပါပါး ဒီမှာမုန့်တွေဝယ်ထည့်လာပေးတယ်နော် သားက လိမ္မာပါတယ်။ ပါပါးကပြန်လာကြိုမှာနော် သားသားကို"

"ဟအင်းး ဟအင်းးး မနေချင်ဘူးးးလို့ အူးးဝါးး"

ဂျုံဆောင်းမြင်ရကြားရတာတွေကြောင့်တကယ်ကိုအိပ်ချင်ပါပြေသွားပြီး ကြောင်ကြည့်နေမိတယ်။ ဂျုံဆောင်းထက် အကောင်ပိစိပိုသေးတဲ့ကလေးတစ်ယောက်။ ဒီနေ့လာမယ်ဆိုတဲ့ကလေးများလား ။ သူ့ဖေဖေကချီထားရင်းကနေ မေမေ့ဆီပေးနေပေမဲ့ ထိုကလေးက သူ့ဖေဖေရဲ့ လည်ပင်းကိုမလွှတ်တမ်းဖက်ထားရင်း ကျန်ကိုယ်တစ်ပိုင်းကမေမေ့ဆီမှာ။ အဲ့အနေအထားနဲ့ကို အာပြဲလန်တဲ့အသံနဲ့ အော်ငိုပြီး ရုန်းရင်းဆန်ခတ်ဖြစ်နေတာ။

Can I.....? [Jay x Jake] ✓Where stories live. Discover now