Part (2)U/Z

5.6K 244 42
                                    


Unicode

"ခင်းဗျား နားနဲ့သေချာနားထောင် လာလိုက်ခဲ့!."

ဖရိုဖရဲဖြစ်နေသောအကီျၤတွေအား သပ်သပ်ရပ်ရပ်ဖြစ်စေရန် ပြင်ဆင်နေခိျန်၌ခက်ခြာလက်တွေအားစောင့်ဆွဲလိုက်သူကြောင့်မျက်မှောင်ကြုံ့လိုက်မိသည်။

"မင်းလက်ကိုလွတ်ကိုယ့်ဟာကိုယ်သွားမယ်"

ဆွဲကိုင်ထားသည့်လက်တွေက တွန်းဖယ်ရုန်းကန်လိုက်သည်။လက်ကို ဒီလိုလာကိုင်စရာစောက်ကြောင်းကိုမရှိဘူး။

အဖြစ်သည်းနေသည့်တစ်ဖက်လူကြောင့်စည်းခြားအံကြိတ်လိုက်မိသည်။ကိုင်ချင်လွန်း၍မဟုတ်သော်လည်းအဖြစ်သည်းနေသူကို အမြင်ကပ်၍တမင်ပင် အားထဲ့ကာစောင့်ဆွဲလိုက်ပြီးရှေ့က သွားလိုက်သည်။

"မကြားလိုက်ပဲနေမှာစိုးလို့!."

ရင်တွေဒိန်းကနည်းစောင့်ခုန်သွားသည်။ခက်ခြာ ပြန်သာအော်နေရပေမဲ့စိတ်ထဲမှာဗလောင်ဆူနေပြီဖြစ်သည်။ဟား!!ဘာလဲဟ တကယ်ကြီး ဒီခွေးကောင် ကGayဟု Come out လိုက်ဖို့လား။

"မင်း!"

ခက်ခြာရဲ့ပုံစံကိုတစ်ဖက်ကခပ်ဟဟရယ်က လှောင်ပြုံးတွေနှင့်ကြည့်သည်။အဲစောက်ခွက်က ပြေးကန်ဖို့ကောင်းလွန်းသည်။

"ခင်ဗျား ကျုပ်ခိုင်းတာလုပ်ပေးဖို့ပြင်ထား"

တွန်းတိုက်ရုန်းကန်ရင်းနဲ့ပင်နှစ်ယောက်သားလူအများရှေ့ရောက်သွားသည်။လူအများ ဆူညံလှုပ်ရှားနေဆဲဖြစ်၍စည်းခြား က ကောင်တာရှိ ခုံတစ်လုံးအားခြေတံရှည်ရှည်ဖြင့် လူအများကြားစောင့်ကန်လိုက်၏။အသံကကြယ်လွန်း၍DJများကိုပင်ဖုံးသွားကာ ခက်ခြာပက်အနည်းငယ်တွန့်သွားရ၏။

ဒုန်း!!

ဘုန်းကံစည်းခြား ၏အားကများလွန်းသည် တစ်ချက်စောင့်ကန်ရုံဖြင့်စည်းချက်ညီညီကခုန်နေသူများကြား ခုံက ကရိုက်ထကာဝင်ရောက်သွားသည်။

Djသီချင်းများရပ်မသွားသေးသော်လဲကိုးလိုးကန့်လန့်ရောက်လာသည်ခုံတစ်လုံးကြောင့် လှုပ်ရှားနေသူများရပ်သွားကာ ထိုဖြစ်စဉ်အားဖြစ်စေသောကယကံရှင်ကိုရှာကြတော့သည်။အားလုံးfeelပျက်ကုန်ပြီဖြစ်၏။

 Bhone Khan Siee Khaar(ongoing)Where stories live. Discover now