Part (3) U/Z

5K 232 26
                                    

Unicode

မနက်စောစောစီးစီး ဖုန်းမည်သံကြောင့်အိပ်နေရင်းနှင့်ပင်ခက်ခြာကိျန်ဆဲလိုက်မိသည်။

အသံမည်နေသောဖုန်းအားအိပ်နေရင်းပင်လိုက်စမ်းလိုက်သည်။ဖုန်းရှာနေရသည်နှင့် မကိုင်လိုက်နိုင်၍ဖုန်းက ကျသွားသောကြောင့်ဖုန်းရှာဖို့အခက်တွေသွားရသည်။

အသံကမမြည်၍ဖုန်းရှိနေနိုင်မည့်နေရာအားဟိုစမ်းဒီစမ်းလုပ်လို့မရ ။ထလည်းမထချင်သေး၍အရေးကြီးလျှင်ထပ်ခေါ်လိမ့်မည်ဟုတွေးကာ စောင်ထဲပြန်ကွေးလိုက်သည်။ဆောင်းတွင်းကြီး စောစောထရအောင် ရတုခက်ခြာ ကအရူးမဟုတ်။

(why you always in a mood?
Fucking' round actin 'brand new)

မဆက်မပြတ်ထွက်လာသော Mood သီးချင်းသံကြောင့် ခက်ခြာ ဆက်အိပ်၍မရပေ Fuckဟုတစ်ချက်ဆဲရေးလိုက်ပြီးနောက် စောင်ခြုံထဲမှထွက်လာလိုက်သည်။

ငုတ်တုတ်ထိုင်လိုက်ပြီးနောက်ဖုန်းလိုက်ရှာလိုက်ရသေး၏။ေသေချာစဉ်းစားကြည့်မှ ကုတင်အောက်ရောက်နေသည့်ဖုန်းကြောင့်ညကGameရံှုး၍လွင့်ပစ်ထားမိမှန်းကိုယ့်ဟာကိုယ်သတိရသွားသည်။

ကုတင်ပေါ်မှမထဘဲလက်တံရှည်ရှည်ဖြင့်ဖုန်းအားလှမ်းစမ်းလိုက်သည်။ခဏလောက်ဟိုရှာဒီရှာလုပ်ပြီးနောက်မှန်ပြင်ကွဲနေသောဖုန်းတစ်လုံးကခက်ခြာလက်ထဲပါလာသည်။

5ခါခန့်ခေါ်ဆိုထားသော လီလီအိန်ဂျယ် နံပတ်ကြောင့်မျက်မှောင်ကြုံ့လိုက်မိသည်။မနက်အစောကြီးမထတတ်သည် လီလီ တောင်သူ့အရင်နိုးနေသည်။

နောက်တစ်ခါတုန်ခါလာသည့်ဖုန်းကြောင့် ခက်ခြာ ကိုင်လိုက်တော့သည်။မနက်စောစောစီးစီးဘာတွေအရေးကြီးနေပြန်တာလဲဖုန်းဒီလောက်ခေါ်ပုံထောက်ရရင်။

"ပြော"
"ဟဲ့ နင်အခုမှအိပ်ရာထတာလား ငါခေါ်နေတာကို သေချင်လို့မကိုင်တာလား နင်တို့သတင်းကို အခုထိမတွေ့သေးဘူးလား နင်တော့မိုးမီးလောင်တော့မှာ ငါပြောတာကြားလား "

ဖုန်းကိုင်လိုက်သည်နှင့်ရေကရားလွတ်လိုက်သလို စကားပြောသူကြောင့် ဖုန်းပင်နား နားကနေခွာလိုက်မိသည်။

 Bhone Khan Siee Khaar(ongoing)Where stories live. Discover now