Part(4)U/Z

4.6K 224 86
                                    

Unicode

သူငယ်ချင်းလေးယောက်လုံးစုံနေကြဖြစ်သော ကြန္ဒို ကိုလာခဲ့ဆိုပြီးခက်ခြာကခေါ်လိုက်သောကြောင့်လီလီတို့ရောက်လာရသည်။

လီလီတို့နောက်မှရောက်လာသောခက်ခြာကခုံမှာပင်ဝင်မထိုင်သူတို့ရှေ့မှာမတ်တပ်ရပ်၏။ထို့နောက်ကိုင်လာသောအရာတစ်ခခုကိုစားပွဲပေါ်ပစ်တင်ပေး၏။

"မင်းတို့ကိုဖိတ်တာ"

စားပွဲခုံပေါ်ပစ်တင်ပေးလိုက်သည့်တလက်လက်တောက်ပနေသည့်ဖိတ်စာရွက်သုံးရွက်။ထိုဖိတ်စာတွေကိုကြည့်ပြီးလီလီအိန်ဂျယ်သာမက ရာပြည့်နှင့်စေသာမှာကြောင်အမ်းအမ်း။

တစ်ခုခုဆိုလျှင် အကြောင်းအရာကိုအလျှင်မြန်ဆုံးခွဲခြားစိတ်ဖြာနိုင်သော ရာပြည့် သာလျှင်အသိစိတ်အရင်ဝင်က ထိုစာရွက်ကိုဖတ်ကြည့်လိုက်သည်။

"လက်ထပ်ထိမ်းမြားခြင်း"

"ဘုန်းကံစည်းခြား"ဟူသည့် ဘွဲဒီဂရီများစွာရရှိထားသော ယောက်ျားလေးတစ်ယောက်နှင့် "ရတုခက်ခြာ"ဟူသော မိမိသူငယ်ချင်းနာမည်က ဖိတ်စာလှလှလေး၏အတွင်းစာမျက်နှာ၌စာလုံးကြီးကြီးများဖြင့်အထင်းသား။

internetတွင်ပျံ့နေသော သတင်းတွေအား ရာပြည်တို့ သိသော်လည်းအခုလောက်ထိ လုပ်လိုက်လိမ့်မယ်လို့မထင်မိပေ။

အသိဝင်လာကြသော လီလီနှင့် စေသာသည်လည်းကျန်တဲ့စာရွက်တွွေကို ယူကြည့်လိုက်ပြီးနောက် ရာပြည့်နည်းတူ အထိတ်တလန့်။

"ဘယ်လိုတောင်ကြည့်နေကြတာလဲကျစ် နာရေးဖိတ်စာမဟုတ်ဘူး"

ညစ်နေသော စိတ်တွေက အဲပြူးကြောင်ကြောင်မျက်နှာတွေကိုမြင်လေ ပိုပြီးစိတ်ညစ်လေဖြစ်သည်။

သွားစရာကိစ္စတွေလဲရှိနေသေး၍ အရင်လို ပျော်ပါးနေခိျန်မရသောကြောင့် ခက်ခြာပြန်ဖို့ဆုံးဖြတ်လိုက်တော့သည်။ဘာမှရှင်းပြမနေချင်။

"ခက်ခြာ မင်းအတည်ကြီးလုပ်လိုက်တာလား"

ရာပြည့်စကားကြောင့် ပြန်ဖို့လုပ်နေသော ခက်ခြာနေရာမှာတင်ရပ်သွားသည်။

"အေး"

သူအနည်ပြုလိုက်သောကြောင့်ရာပြည့်မျက်နှာက ပျက်ယွင်းသွားသည်။

 Bhone Khan Siee Khaar(ongoing)Where stories live. Discover now