part(7)U/Z

4.5K 173 37
                                    

Unicode

(( အကြောင်းအမိျုးမိျုးကြောင့် ကြားထဲမှာ မupဖြစ်ခဲ့တဲ့အတွက် 4 ပိုင်းဆက်တိုက် upပေးထားပါတယ်ဗျ))

တစ်စုံတစ်ယောကက်မိမိအားလှုပ်နိုးနေသည်ဟုခံစားမိသည်နှင့် ခက်ခြာ မျက်ဝန်းတွေဖွင့်ဖို့အားယူလိုက်သည်။အသိစိတ်ရသည်နှင့်တစ်ပြိုင်နက် အချည်းအနှင်းဝင်ရောက်လာသောနာကျင်မှုတွေကြောင့် ကျစ်!! ကနည်း စုတ်သတ်မိလိုက်ပြီး မျက်ဝန်းတွေကိုရအောင်ဖွင့်ကြည့်လိုက်မိသည်။

"ကျစ်!!ကျုပ်နိုးနေတာ ကြာနေပြီသေနေတာကျနေတာပဲ"

မျက်ဝန်းတွေဖွင့်ပြီးခြင်းမြင်လိုက်ရသည့်မျက်နှာနှင့် မကျေမခြမ်းရေရွက်သံကြောင့်မျက်မှောင်ကြုံ့လိုက်မိသည်။ကိုယ့်ဟာနှင့်ကို ဘာတွေဖြစ်သွားလဲဟု တွေးခိျန်တောင်မရသေးတစ်ပါးသူ၏ပစ်ပစ်ခါခါပြောသံကြောင့်မလှုပ်ချင်သည့်ကြားကနေ ဒေါသထွက်လိုက်ရသေးသည်။

အနှေးနှင့်အမြန် အကြောင်းအရာတွေအားစူးစမ်းကြည့်ပြီးသည်နှင့် တရိပ်ရိပ် မြင်နေရသော ပုံရိပ်တွေကြောင့် ဖွင့်ထားသောမျက်ဝန်းတွေအားတဖန်မှိတ်ချလိုက်သည်။

တကယ်ကြီး အားးး!!

"ဟပြန်မအိပ်နဲ့ မိုးလင်းနေပြီ စောက်လုံးကို စူးစမ်းကြည့်အုံး"
"ငါလိုးမသား"

မိမိဘေးနားဖုန်းတစ်လုံးဖြင့် ဆူညံပူညံလုပ်နေသူအားနာနေသည့်ကြားကနေ ခြေတံသွယ်သွယ်ဖြင့် အားယူကာ ကန်ချလိုက်သည်။အလိုက်ကန်းစိုးကိုမသိဘူးဒီကောင်!!

စည်းခြားကကုတင်ပေါ်တစ်ခြမ်းသာဝင်ထိုင်ပြီး အိပ်နေသူအားနိုးကာ ဖုန်းကြည့်နေမိတာဖြစ်သည်။သူ တက္လုပ္ထား၍ အားကုန်နေပြီဟု မှတ်ယူထားသောသူက မပြောမဆိုအမှတ်တမဲ့ကန်ချလိုက်မှုကြောင့်လျော့တိလျော့ရွဲထိုင်နေမိတဲ့သူ့အပြစ်ကြောင့် ဖုန်းကြည့်ရင်း ကုတင်အောင် ဒူးထောက်ကျသွားရသည်။

သတိဝင်သည်နှင့် အားနေသောလက်တစ်ဖက်ဖြင့် အလျှင်အမြန်အရှိန်ထိန်းမှုကြောင့် ကြမ်းပြင်ပေါ် ထောက်ထားမိတဲ့လက်က စပ်ဖြင်းဖြင်းဖြစ်သွားရသည်။

 Bhone Khan Siee Khaar(ongoing)Where stories live. Discover now