Part(9)U/Z

3.2K 147 56
                                    


Unicode

Note .

B.Eco=စီးပွားရေးပညာဘွဲ့

B.Tech=နည်းပညာဘွဲ့

IT=Information Technology

IG=Instagram

Trillion(ထရီလီယံ)=၁နောက်သုည၁၂လုံး

Billion(ဘီလီယံ) =၁နောက်သုည၉လုံး
_____________

လက်ထပ်ပွဲကြောင့် ကရိုက်ထသွားသည့် စီးပွားရေးလုပ်ငန်းတွေ အား ခက်ခြာတစ်နေထဲဖြေရှင်းနိုင်ခဲ့ပေမဲ့ အခုတစ်ထိမဖြေရှင်းနိုင်သောကိစ္စကား ဦးနှောက်ထဲကမထွက်။

ဟိုမကောင်းတဲ့အကောင်လုပ်ထားလို့ ခန္ဓာကိုယ်က ဟိုနားနည်းနည်းဒီနားနည်းနည်းတစ်ဆစ်ဆစ်နာသည်။ပစ်ထား၍မရသောအလုပ်တွေကြောင့်လည်းဒီကြားထဲအလုပ်တွေလုပ်ရသည်။

တစ်နေ့လုံး အလုပ္ကိုcompanyမှာမနားမနေလုပ်ရတဲ့အပြင် ကွန်ဒိုပြန်ရောက်တဲ့အခိျန်မှာလဲ computerနဲ့အလုပ်ရှုပ်ရပြန်သည်။

ထိုင်းနိုင်ငံကိုပို့ပေးရမဲ့ပစ္စည်းတွေကိုသေချာစစ်ပြီးသည်နှင့်အကြောဆန့်လိုက်မိသည်။

"အားးးးငါ့ဘဝကြီးကလဲကွာ"

ခြေတွေလက်တွေကိုဆန့်ထုတ်ပြီးမလဲရသေးသောအဝတ်အစားတွေနှင့်ပင် ဆိုဖာပေါ်မှောက်ခုံလဲချလိုက်သည်။

ဆိုဖာပေါ်မှာရှိတဲ့ခေါင်းအုံးကြားထဲမျက်နှာအပ်လိုက်ပြီးခဏကြာမှ ထိုအနေအထားအတိုင်းComputerကိုမျက်နှာရှေ့ဆွဲယူလိုက်သည်။

တိတ်တဆိတ်ဖြင့်မျက်မှောင်ကြုံ့၍
စောက်သုံးမကျသော computer အား ထိုင်ကြည့်နေတာတော်တော်လေးကြာသွားသည်။

အလုပ်တွေဖြတ်ပြီးသွား၍ဘာလုပ်၍လုပ်ရမှန်းမသိအောင်နာရီနဲ့ခီျပြီးစဉ်းစားနေတာ ရေပင်မခိျုး။ငုတ်တုတ်ပြန်ထိုင်လိုက်ပြီး computerကိုပေါင်ပေါ်တင်ကာတစ်စုံတစ်ခုကိုရှာဖွေလိုက်သည်။သို့သော်သူသိချင်သည့်သတင်းက အရိပ်ယောင်ပင်မတွေ့။

B.Ecoနှင့်ကျောင်းပြီးထားသော်လဲခက်ခြာ က IT နဲ့ပတ်သတ်ရင် စိတ်ဝင်စား၍ ငယ်ငယ်ထဲက နည်းပညာပိုင်းနဲ့ပတ်သက်ရင် ကလိတတ်တာဖြစ်သည်။

ဘယ်accကို hackပြီး ဝင်ကြည့်ရမလဲ။ဘယ်သတင်းတွေကိုဖြုတ်ချရမလဲ။ဘယ်နေရာမှန်းသိအောင် ဘယ္လို ရှာဖွေမလဲ စသည်ဖြင့် နည်းပညာပိုင်းနှင့်ပတ်သက်ရင်B.Tech ဘွဲ့ရထားသူတွေထက် ခက်ခြာက ပိုပြီးတောင်လုပ်တတ်သေးသည်။

 Bhone Khan Siee Khaar(ongoing)Where stories live. Discover now