Part(12)U/Z

3.4K 162 43
                                    

ရန်ကုန်မြို့ပြင်သို့တစ်ရိပ်ရိပ် ပြေးလွှားနေသော ကားအနက်လေးတစ်စီး။ထိုအနက်ရောင်ကားလေးထဲ၌တစ်ယောက်သောသူက Computerတွေဖြင့်အလှုပ်ရှုပ်နေသလို တစ်ယောက်ကတော့အသစ်စက်စက်ဝယ်လာသော ဖုန်းကိုထုတ်ကြည့်လျက် မျက်ခုံးတွေတွန့်ခိျုးထားတော့သည်။

တောက်!!

တိတ်ဆိတ်နေသောကားထဲ၌ တောက်!ခေါက်သံ တစ္ခုက အေးစက်စက် ပေါ်ထွက်လာကာငြိမ်သက်နေသော အခြေအနေအားဖြိုခွင်းလိုက်တော့သည်။

ရင်ဘတ်တွေနိမ့်ချေ မြင့်ချေ ဖြစ်လျက် computerကို စောင့်ပိတ်လိုက်သော စည်းခြားကြောင့် ဖုန်းကြည့်နေရင်းခက်ခြာ လှည့်ကြည်လိုက်မိသည်။

တွန်ခိျုးထားသောမျက်ခုံးတွေကိုကြည့်ခြင်းအားဖြင့်အတော်လေး ဒေါသထွက်နေမှန်းခက်ခြာရိပ်မိသည်။သို့သော်မသိချင်ယောင်သာဆောင်နေလိုက်မိသည်။

ထို့နောက် media ထက် ထိပ်စည်းအနေဖြင့် နာမည်ကြီးနေသောကမ်ဘာ အမြင့်ဆုံး သတင်းထောက်Channelတစ်ခုဖြစ်တဲ့ New International Bruit ၏လူကြည့်အများဆုံး postတစ္ခုအား new feedတွင် မြင်လိုက်ရတော့သည်။

ရင်းရင်းနှီးနှီးမြင်လိုက်ရသော မျက်နှာတွေအား မည်သူလဲဟူ၍ သေချာကြည့်နေခိျန် ခက်ခြာ အတွင်းရေးမှုးစီမှာ ဖုန်းဝင်လာ၍ ဆက်မကြည့် ဖြစ်ပဲဖုန်းကိုင်လိုက်မိသည်။

ဘုန်းကံစည်းခြားအိမ်လိုက်နေရမည်ဟူသောကြောင့် ကွန်ဒိုပြန်၍ခက်ခြာပစ္စည်းမှန်သမျှသိမ်းလာခဲ့သည်။ဘုန်းကံစည်းခြားဖျက်စီး၍ ဖုန်းကသုံးမရအောင် ပျက်သွားသော်လဲ ဆင်းကဒ် ကေတာ့ အကောင်းပတိကျန်သေး၍ မလွင့်ပစ်ပဲယူလာခဲ့ခြင်းဖြစ်သည်။ဒါကြောင့်အတွင်းရေးမှုးကဖုန်းခေါ်၍ရခြင်းဖြစ်သည်။

ခက်ခြာ ဆေးရုံတက်လိုက်ရသည်ကို မသိလိုက်ေ အတွင်းရေးမှုးက မနေ့ကတစ်ရက်လုံး Company မလာသောဥက္ကဌအား တစ်နေ့လုံးဖုန်းဆက်နေတာဖြစ်သည်။

ရှယ်ယာဈေးတွေအမြင့်ဆုံးသို့ထိုးတက်နေသည်အား အားရဝမ်းသာစွာပြောချင်သော်လဲဒီနေ့မှဖုန်းကိုင်၍ ဘယ်လိုပြောပြရမလဲဟု မတွေးတတ်အောင်ဖြစ်ကာ စကားတွေကိုရှာနေရသည်။

 Bhone Khan Siee Khaar(ongoing)Where stories live. Discover now