Part(14)U/Z

3.3K 160 72
                                    

ယွန်းဆယ်လီနာတစ်ယောက် Daddyတောင်းဆိုမှုကိုမငြင်းရဲ၍ နိုင်ငံခြားမှပင် Desingအပ်ထားသော ဝတ်စုံတွေကိုပင်ဘေးခိျတ်ထားကာ ဘုန်းကံစည်းခြားတို့အတွက် ရက်အနည်းငယ်အတွင်း ဝတ်စုံတွေပြင်ဆင်ပေးရသည်။

ဝတ်စုံပြီးသွားသည်နှင့် ဖုန်းလှမ်းဆက်ကာ လာယူဖို့ပြောထား၍ ဘုန်းကံစည်းခြားက သူမ ဆိုင်ကိုရောက်လာသည်။

ချုပ်ထားပေးသော Desing ဆန်းသည် ဝတ်စုံနှစ်ထည်အား ချပေးလိုက်သည်နှင့် သူမအားမျက်မှောင်ကြုံ့၍ကြည့်ကာလာရစ်နေသော စည်းခြားကြောင့် စိတ်ပင်ညစ်လာရတော့သည်။

အကြောင်းက စည်းခြားအတွက်ချုပ်ပေးသောဝတ်စုံကိုကျတော့သဘောကျကျေနပ်နေပြီး မတ်လေးအတွက်ချုပ်ထားပေးသောဝတ်စုံအားစိတ်တိုင်းမကျ၍ ဆယ္လီနာကို ရန်တွေ့ကာရစ်နေခြင်းဖြစ်သည်။

အရှေ့ရှိကျက်သရေမရှိသေဝတ်စုံအားစည်းခြားကိုင်ကြည့်လိုက်ပြီးမျက်နှာမဲ့ကာပြောမိသည်။ဘယ်လိုတောင်ချုပ်ပေးထားတဲ့အပေါစားdesingကြီးလဲ။

"ကျစ် !! ဘယ္သူက ဒီပုံစံချုပ်ခိုင်းလို့လဲ"

ကိုယ်တိုင်သေချာချုပ်ပေးထားသောdesingအား စည်းခြား က မဲ့ရွဲ့ကာဝေဖန်မှုကြောင့်ဆယ်လီနာ လဲမျက်မှောင်ကြုံ့ကာပြန်ပြောသည်။

"အငယ်လေးမင်းပဲစိတ်ကြိုက်ချုပ်ဆို မိုက်ရင်ပြီးရော အဖြူနဲ့အနက်ပါရင်ပြီးရောပြောလိုက်ပြီး အခုမှဝေဖန်နေတာ ငါစိတ်တိုလာပြီ"

မိမိမှာအားသွန်ခွန်စိုက်ရက်အနည်းငယ်အတွင်းပြင်ဆင်ပေးထားသောဝတ်စုံအားဝေဖန်နေ၍ ဆယ္လီနာ မခံချင်ဖြစ်လာရသည်။

"ဒီလောက်တိုပြတ်နေတာ ကျုပ်ယောက်ျားက Modelလုပ္စားမွမဟုတ္ဘူး မမ partyပွဲတက်မှာ"

အကီျၤအားလက်ညိုးထိုးပြလျက်တိုသည်ဟုပြောလိုက်သောကြောင့်ခေတ်အမြင်မရှိသော မောင်လေးအား ဆယ္လီနာ မျက်စောင်းထိုးမိသည်။အကီျၤကိုကောက်ကိုင်လိုက်ပြီး ဖြန့်ပြလိုက်သည်။

"ဒါကတိုနေလို့လား ချက်ပေါ်ရုံလေး အခုခေတ်Desingလေ နည်းနည်းပါးပါးmediaပေါ်မှာသွားကြည့်အုံး"

 Bhone Khan Siee Khaar(ongoing)Where stories live. Discover now