Part(16)U/Z

3.3K 151 45
                                    

ထွက်သွားသောဘုန်းကံစည်းခြား၏နောက်ကျောကိုကြည့်ပြီး ရာပြည်အိုင်တစ်ယောက် ခက်ခြာကိုကြည့်ကာစကားစပြောသည်။

"ဘုန်းကံစည်းခြားဆိုတဲ့ကောင်လေးက မင်းကိုကောင်းကောင်းဂရုစိုက်တယ် ထင်တယ်"

ရာပြည့်အိုင် ၏စကားကြောင့် ခက်ခြာ ပြုံးရုံသာပြုံးမိသည်။ဘာကိုဆိုလိုချင်မှန်းခက်ခြာသိ၍ ထွေထွေထူးထူးမတုန့်ပြန်မိ။တိတ်ဆိတ်၍သာနေမိသည်။ထို့နောက်လီလီနှင့်စကားခဏလြေိုက်သည်။

"ဒါနဲ့သူ့မင်းကိုဂရုစိုက်ပုံတွေက အတင်းလုပ်ယူထားရတဲ့ပုံစံပဲနော် ရင်ဖွင့်ချင်ရင်နားထောင်ပေးဖို့အသင့်ပဲ"

စည်းမကျော်သင့်မှန်း ရာပြည့်အိုင် မသိဘူးထင်သည်။ခက်ခြာ ပြန်မပြောသည်ကိုအခွင့်ကောင်းယူကာ ထပ်ပြောလိုက်သည့်စကားကြောင့် လီလီနှင့်စကားပြောနေရာမှ တစ်ဖက်သူအားစိုက်ကြည့်လိုက်မိသည်။

"လက်ထပ်ရတဲ့အကြောင်းအရင်းမှန်ကိုမင်းသိနေလဲငါစိတ်မဝင်စားဘူး သူနဲ့ငါ ဘယ်အခြေအနေပဲရှိရှိမင်းနဲ့မဆိုင်တဲ့ကိစ္စဆိုတော့ ဝင်မပါသင့်ဘူးလို့အကြံပေးချင်တယ် "

"Oh!!"

ဝိုင်ခွက်ကိုသောက်ရင်းရာပြည့်အိုင်က ဂရုမစိုက်သည့်ပုံစံဖြင့် မျက်ခုံးပင့်ကာ ခက်ခြာကိုကြည့်သည်။

ခက်ခြာအနေဖြင့်လဲ ဒီထက်ထပ်ပြောလာတာမိျုးမလိုလား။ဘုန်းကံစည်းခြားနဲ့ဘယ်လိုပဲပတ်သတ်နေပါစေအခုခိျန်မှာ သူနဲ့ကိုယ်က တစ်ယောက်နဲ့တစ်ယောက်သက်ဆိုင်သူတွေ။

"ငါ့သူငယ်ချင်းဆိုတဲ့အသိစိတ်ကြောင့် သတိပေးတာအဆင့်မကျော်နဲ့"
"သူငယ်ချင်း"
သူငယ်ချင်းဆိုသည့်စကားကိုသံယောင်လိုက်ပြောသည်။ရယ်စရာမပါပဲ ခပ်ဟဟရယ်၍ ခက်ခြာမျက်ခုံးတွေတွန့်ခိျုးမိသွားသည်။

လီလီအနေဖြင့် ဝင်မပါသင့်မှန်းသိသောလဲ စကားမဖြတ်ပါက အခြေအနေတင်းမာလာနိုင်၍ စကားဝင်ပြောရသည်။

"လာပါ ငါတို့ပြန်စုံတဲ့အထိမ်းအမှတ်နဲ့အတူ ခက်ခြာအတွက်ဂုဏ်ပြုပေးရအောင်"

ဝိုင်ခွက်တွေကို လှမ်းပေးရင် ခပ်ပြုံးပြုံးဆိုလိုက်သောလီလီစကားကြောင့် ကျန်သော စေသာထူးသော်နှင့်ရာပြည့်အိုင်က ဝိုင်ခွက်ကိုယ်စီယူလိုက်ကြသည်။ ခက်ခြာက ထိုင်မြဲထိုင်နေကာ ဝိုင်ခွက်ကိုလက်နဲ့ပင်မထိ။

 Bhone Khan Siee Khaar(ongoing)Where stories live. Discover now