Part(19)U/Z

3.4K 138 16
                                    

"ခင်ဗျားတောက် !!"

ရုတ်တရက်ကြီးနောက်ကျောဘက်စီမှစည်းခြားအသံကြောင့် ခက်ခြာ လန့်သွားရသည်။ချက်ခြင်းပင်နောက်ကိုလှည့်ကြည့်လိုက်တော့ မီးဝင်းဝင်းတောက်နေသည့်မျက်ဝန်းတွေနှင့်ရင်ဆိုင်လိုက်ရသဖြင့်လူကတွန့်ကနည်း။

"စည်းခြား"

အမှားလုပ်ထားမိသူမို့ခေါ်သံက အနည်းငယ်တုန်တုန်ယင်ယင်။

ခက်ခြာပုံစံကိုကြည့်ပြီးစည်းခြားက ပိုဒေါသထွက်ထွားသသည်ထင်သည်။

"ခင်ဗျားလင်ရောက်နေတာကိုသိတောင်မသိနိုင်အောင်ခင်ဗျား!!"

ခက်ခြာမဖြေနိုင်။သူဘာပြန်ဖြေသင့်လဲခက်ခြာမသိ။

"ကိုယ္က!!"
"တော်စမ်းပါ!!"

ခက်ခြာပြန်ဖြေမယ်လုပ်တော့တစ်ဖက်ကစည်းခြားက နားထောင်ချင်ဟန်မတူ နောက်ကို ပြန်လှည့်ပြီး ထွက်သွားဖို့ပြင်သည်။

ခက်ခြာခေါင်းထဲ တစ်စုံတစ်ခုသောအတွေးကဒိန်းကနည်း။ဒီကိစ္စက"မပြောမပြီးမတီးမမြည်"ဆိုသလိုပြောမှပြီးမဲ့ကိစ္စ။

"မင်းကိုငါခေါ်တယ်လေ မင်းပဲငြင်းတာ"

Hallခန်း အပြင်ကိုပြန်ထွက်ဖို့လုပ်နေသည့်စည်းခြားခြေလှမ်းတွေကတန့်ကနဲ။

စည်းခြားအခြေအနေကိုကြည့်ပြီးစကားကိုဆက်ပြောလိုက်သည်။အခုခိျန်မှာဘေးကသူတွေကိုခေါင်းထဲထည့်နေရင် အကိျုးဆက်ကိုခံစားရမှာကခက်ခြာ။

"ပါတနာပါမှပွဲတက်လို့ရမဲ့လေလံပွဲကို မင်းမလိုက်တော့တစ်ခြားတစ်ယောက်ခေါ်လာလိုက်တာကငါ့အပြစ်မဟုတ်"
"ကျုပ်ကိုပြောလေ ကျုပ်မလိုက်ရင်လိုက်အောင်ခေါ်ရမှာက ခင်ဗျားတာဝန်မဟုတ်ဘူးလား"

ဘုန်းကံစည်းခြားစကားကြောင့်ခက်ခြာစွံ့အသွားရသည်။ပြောမည့်စကားတောင့်တန့်သွားရသည်ထိ။

သူပြောတာဟုတ်တော့ဟုတ်ပေမဲ့ မလိုက်ဘူးလို့ငြင်းတာကြီးကိုအတင်းခေါ်လို့ကောင်းပါ့မလားတွေးပြီး မခေါ်မိတာကခက်ခြာအပြစ်ဖြစ်သွားသည်ပေါ့။

"Mr.Are you ok!"

ခက်ခြာတို့အခြေအတင်ဖြစ်နေသည်ကို သိသည်နှင့်အညီ ဘေးနားက ခက်ခြာခေါ်လာသည့် DOက မျက်ခုံးတစ်ဖက်ပင့်ပြကာ အခြေအနေကိုမေးသည်။

 Bhone Khan Siee Khaar(ongoing)Where stories live. Discover now