Part(20)U/Z

3.3K 133 15
                                    


အခန်းထဲကိုဝင်လာခဲ့ပြီးမှ ပြင်ထွက်ချင်နေသောစိတ်ကို ချုပ်တည်းထားရသည်။စိတ်ကိုငြိမ်အောင်ကိုယ့်ကိုယ်ကိုအားပေးပြီးအခန်းအတွင်းပိုင်းထိ ခြေလှမ်းမှန်မှန်လျှောက်သွားလိုက်သည်။

တစ်နေရာအရောက်မှာ ခက်ခြာခြေလှမ်းတွေကတုံ့ကနည်း။

မြင့်လိုက်ရတဲ့မြင်ကွင်းကိုကြည့်ပြီး လူက လှုပ်ဖို့တောင်အနိုင်နိုင်။စည်းခြားကဘအခန်းထဲမှာ စိတ်ပျက်လက်ပျက်ပုံစံနဲ့။

ခက်ခြာမသိနိုင်သော အမိျးအစားစုံလင်လှသည့် ပုလင်းမိျုးစုံက စားပွဲခုံအပြည့် နေရာယူထားပြီးတစ်ခိျု့ပုလင်းတွေက အောက်မှာ ဟိုတစ္ခုဒီတစ္ခု။

အနံ့ပြင်းပြင်းဆေးလိပ်နံ့က အခန်းတွင်းနေရာယူလျက်ရှိပြီး အခန်းကတိတ်ဆိတ်ခြောက်ခြားဖွယ်ရာ။

ထိုအရာတွေရဲအလယ်မှလူကိုကြည့်မိတော့ဆိုဖာကိုကျောမှီချထားလျက်မျက်ခုံးတန်းတွေကိုစုကြုံ့ထားသည်။တစ်စုံတစ်ရာပေါက်ကွဲဖို့အဆင်သင့်။တစ်ခုခုကိုအလိုမကျမှုကြောင့်ခိျန်ကိုက်ဗုံးလို သြားထိ ဖို့မကောင်းဟန်။

ရုတ်တရက် မှေးမှိတ်ထားသည်မျက်ဝန်းတွေကပွင့်လာပြီး ခက်ခြာဘက်ကိုစောင်းငဲ့လာမှုကြောင့် ရင်ဘတ်ထဲက ဒိန်းကနည်းမြည်သွားရသည်။

"ဘာလာလုပ္တာလဲ "

မမြင်ဘူးဟုထင်ထားသော်လည်းခက်ခြာကိုမြင်ဖြစ်ပောင်မြင်တဲ့သူက မျက်လုံးတွေဖွင့်ကာ အလိုအကျသလိုမေးသည်။
ကိုယ်ကတော့အခုခိျန်ဒီနေရာမှာ ရပ်မြဲတိုင်းသာ။

"ဟိုဟို"

ခက်ခြာပြောမည်ဟုတွေးထားသည့်စကားတွေက ဘယ်ချောင်တိုးသွားမှန်းမသိ ပြောချင်သည့်စကားတွေထွက်မပဲ တစ်ဟိုဟိုဖြစ်သွားရသည်။

"ခင်ဗျားကို ဘယ္သူက လိုက်လာခိုင်းလို့လိုက်လာတာလဲ တောက်!!"

ပြောရင်းပြောရင်းဒေါသထွက်လာကာ မတ်တပ်ထရပ်လိုက်သူကြောင့် ခြေလှမ်းကအလိုလိုနောက်ကိုတစ်လှမ်းရောက်ပြီးသားဖြစ်သည်။

စည်းခြား ရင်းနှီးနေကျ စံပယ်ပန်းနံ့သင်းသင်းလေးကြောင့် အနံ့လာရာဘက်ကိုလှည့်ကြည့်မိတာဖြစ်သည်။မြင်လိုက်ရသည့်သူကြောင့် စည်းခြား အ့ံသြသွားရပေမဲ့ မအ့သြသလိုနေလိုက်သည်။ပြီးမှ ည1နာရီကျော်ကြီးClubကို ရောက်လာ၍စိတ်တိုကာ အော်လိုက်ခြင်းဖြစ်သည်။ဒါကို ထိုလူက ကိုယ်လေးတစ်ချက်တုန်က နောက်ကိုပင်ခြေတစ်လှမ်းဆုတ်သွားသည်။

 Bhone Khan Siee Khaar(ongoing)Where stories live. Discover now