Part(21)U/Z

5.4K 183 24
                                    

စည်းခြားကိုယ်တိုင်လဲ RITC ကို မရောက်တာကြာပြီဖြစ်၍ကုမ္ပဏီကိုသွားဖို့ပြင်ရသည်။ အားလုံးအဆင်သင့်ပြင်ပြီးသည်နှင့် ကားသော့ကို ဆြဲကာ တစ်ဖက်ခန်းကို ကူးသည်။

ထိုလူကိုပါ လမ်းကြုံဝင်လိုက်ပို့မည်။အဆင်သင့်လှစွာဖြင့် တစ်ဖက်အခန်းတံခါးပွင့်လာ၍ပြောချင်တာအရင်ဦးအောင်ပြောလိုက်သည်။

"ဘယ်လိုဖြစ်ပြီး"
"နောက်ကျနေပြီ ကျုပ်ကားထုတ်ထားမယ် ခင်ဗျားကိုဝင်ပို့ပေးမယ်"

ပြောပြီးအောက်ထပ်ကို လေချွန် လျက်ဆင်းသွားသည့်သူကြောင့် တံခါးဝမွာ လူက ကြောင် နေသည်။

ကြားသားမိုးကြိုးဝင်ပို့ပေးမယ်ဟူသောစကားကြောင့်မျက်ခုံးတစ်ချက်ပင့်မိသည်။အခုထိတော့မမူးလောက်တော့ပါဘူး။

ဟုတ္တယ္မလား

ရှည်ရှည်ဝေးဝေးတွေးမနေတော့ဘဲ သူပါ အောက်ထပ်ကိုအပြေးဆင်းမိသည်။အောက်ထပ်ကိုအခြေချမိသည်နှင့် အိမ်ရှေ့ထိုးရပ်လိုက်သော နက်ပြာရောင် ပြိုင်ကားတစ်စီးကြောင့် သူမှတ်ချက်ပေးလိုက်သည်။

ဒီကောင်လေးသူ့ကို တကယ်လိုက်ပို့ပေးမည်။

ခြေလှမ်းခြေကျမှန်မှန်ဖြင့်ကားနားလျှောက်သွားလိုက်တော့ ဘေးနားမှာ အသင့်ရှိနေသည့်Bodyguardတွေက ကားတံခါးကိုအသင့်ဖွင့်ပေးသဖြင့် ဝင်ထိုင်လ်ုက်သည်။

Lover seatမှာဝင်ထိုင်ပြီး ခါးပတ်ပတ်သည်။
ခက်ခြာ ပြီးမှစည်းခြားက ကားကို ခြံထဲမှ စထွက်သည်။

ကားမောင်းနေရင်စည်းခြားက နာရီကိုကြည့်ကာစကားပြောသည်။

"မနက်စာစားရင်Companyမရောက်ဘဲနေမှာစိုးလို့ နေ့လယ်စာနဲ့ပေါင်းစားရအောင်"

ကားမောင်းရင်းပင် စည်းခြားက လက်ပတ်နာရီကိုငုံကြည့်သည်။

"11:30လောက်  ခင်ဗျားကိုလာခေါ်မယ် ကျုပ်ကိုစောင့်နေ"

သူ့နည်းတူ လက်မှနာရီကို ခက်ခြာငုံ့ကြည့်လိုက်သည်။တကယ်ပင်10နာရီ နီးနေ၍ သူ့သဘောကိုထောက်ခံပေးလိုက်သည်။

မနေ့ကနှစ်ယောက်လုံးညနက်မှ အိပ္က်ရ၍ အိပ်ယာထနောက်ကျသွားတာက ဒီနေ့အဖို့ မနက်စာနှင့်နေ့လည်စာပေါင်းစားရသည်။

 Bhone Khan Siee Khaar(ongoing)Where stories live. Discover now