အပိုင်း ၁

7K 364 6
                                    

အိမ်တစ်အိမ်တွင် အမြဲဆူပူ၍နေလျှင် လူကြီးများက လာဘ်တိတ်သည်ဟုဆိုကြသည်။သို့သော် အိမ်တစ်အိမ်သည် အမြဲဆူပူ၍နေသည်။

ဤအိမ်သည် ကုန်သည်ကြီး ဦးမှိုင်းသာ​၏ အိမ်'သာ'ဖြစ်သည်။အိမ်သည် ကုန်သည်အိမ်ဖြစ်၍တစ်ကြောင်း ဆွေကြီးမျိုးကြီးဖြစ်၍တစ်ကြောင်း  အနွယ်ပွားများဖြစ်၍ကတစ်ကြောင်း ခြံကျယ်ထဲ၌ အိမ်ကြီးအိမ်ကောင်းတစ်လုံးလည်းဖြစ်​၏။

ကုန်သည်ကြီး ဦးမှိုင်းသာတွင် ဒေါ်လှစိန်ဟုခေါ်သော ဇနှီးလည်းရှိ​၏။ဒေါ်လှစိန်သည် နှုတ်သိပ်ကြမ်းသည်၊မောက်မာသည် ။ထိုအချက်များကြောင့် အိမ်တွင်အမြဲဆူ၍နေရခြင်းဖြစ်​၏။

ထို့အပြင် ကုန်သည်ကြီးတွင် သားသမီးလေးယောက်ရှိသေးသည်။

အကြီးဆုံးမှာ မိန်းကလေးဖြစ်၍ အမည်မှာ မြစန်းနွယ် ဖြစ်​၏။အနွယ့်တွင် ရှည်လျားသန်မာ၍ နက်မှောင်သောဆံပင်များပိုင်ဆိုင်ထားသည်။နွယ်သည် မြန်မာဆန်စွာလှပသည်။

ဒုတိယမြှောက်မှာလည်း မိန်းကလေးဖြစ်သည်။အမည်မှာ ပန်းမြိုင် ဆိုသည့်အမည်နှင့်လိုက်အောင် ပန်းကလေးလို နုဖက်စွာလှပ​၏။

နို့ညှာမှာမူ မိန်းကလေးဖြစ်၍ အမည်မှာ ခိုင်သစ္စာဆိုသည့်အမည် နှင့် လှပေသောမျက်နှာလေးရှိသော်လည်း အကြီးနှစ်ယောက်နှင့်မတူ မောက်မာသည်၊ခွဲခြားဆက်ဆံတက်သည့်စိတ်လည်းရှိ​၏။

အငယ်ဆုံးမှာမူ ယောက်ျားလေးဖြစ်ပြီး လေးယောက်ထဲတွင် အချောဆုံး၊အလှဆုံးလည်းဖြစ်​၏။နွယ်တို့၊မြိုင်တို့၊ခိုင်တို့နှင့်အသားရေမှာမတူ ညိုသည့်ဖက်သွားသည်မို့ မြန်းညိုလို့အမည်ပေးခဲ့သည်။

"အညိုရေ အညို"

အညိုတစ်ယောက် အိပ်ခန်းထဲ၌ ကတ်ဆက်နားထောင်နေရာမှ မြိုင်ခေါ်၍အခန်းထဲမှထွက်လာခဲ့ရ​၏။

"ဗျာ မမြိုင်"

"အညိုအိမ်ထဲကအိမ်ပြင်မထွက်တာဘယ်လောက်ကြာပြီတုန်း မင်းရုပ်ကိုရောမင်းမှန်ထဲပြန်ကြည့်သေးရဲ့လား"

"ကြည့်မကြည့်တော့မသိဘူး မမြိုင် မှန်ကတော့ဖုန်တွေတက်နေလေရဲ့"

ပန်းပန်ရင်နန်းဆန်တယ် (Completed)Where stories live. Discover now