3

9.7K 413 38
                                    

မနက်စောစောစီးစီးမှာ ရန်​သတ် လာရတာကြောင့်စိတ်ကကြည်မနေ သို့သော်လည်း ကိုယ်ပိုင်အလုပ်မဟုတ် မိဘခြင်းရင်းနှီးမှုကြောင့်အလုပ်ရထားတဲ့ အကိုလိုရင်းနှီးသူရဲ့ ကုမ္မဏီ..

ကိုယ်ပိုင်ကုမ္မဏီမဟုတ်ပေမယ့် အခွင့်အထူးခံလူတန်းစားလေး ထယ်ဟျောင်း အတွက်က အကိုလိုရင်းနှီးတဲ့ ယွန်းဂီက သူရဲ့ကုမ္မဏီမှာ သီးသန့်အခန်းကိုထားပေးထားသည်..

လူတွေအမြင်မှာတော့ ထယ်ဟျောင်းဟာ အနေအေးပြီး အေးဆေးသမားတယောက်လိုတော်ရုံလူနဲ့လည်းအရောတဝင်မနေ အလုပ်ရောက်ရင်လည်းသူ့အလုပ်သူသာအခန်းထဲမှာ တီးလုံးသံ
ငြိမ့်ငြိမ့် လေးဖွင့်လို့ ဒီဇိုင်းဆွဲနေတက်သည်..

ဒီဇိုင်းပညာနဲ့ကျောင်းပြီးထားတာပဲရှိတာ အလုပ်ကိုအသုံးမချတာကြောင့် မိဘတွေကပဲ အလုပ်ရော ယောကျားပါတခါထဲရှာပေးလိုက်ခြင်းဖြစ်သည်..

မလုပ်ချင်ပေမယ့် အိမ်မှာလည်းမနေချင် အိမ်မှာနေရင် ဂျောင်ဂုရဲ့အိမ်ရှင်မနေရာသွင်းတာခံရမှာကြောင့် သူလည်းအလုပ်ထွက်လုပ်နေခြင်းဖြစ်သည်..

ခုလည်းကုမ္မဏီရောက်ထဲက အရင်မဂ်လာဆောင်ကိစ္စတွေနဲ့အလုပ်ရှုပ်ခဲ့တာကြောင့်အကြွေးတွေဖြစ်ကာ ခုမှသေချာအလုပ်ခွင်ထဲပြန်ဝင်ရတော့သည်.အလုပ်စားပွဲမှာကွန်ပျူတာတလုံးနဲ့အလုပ်ရှုပ်နေချိန်

တောက်တောက်

" ဝင်ခဲ့ပါ "

" ထယ် မောနင်း "

" အာ အကို မောနင်းပါ ပြန်ရောက်ပြီလား "

"အင်း မနေ့ကမှရောက်တာ ထယ့်ရဲ့ မဂ်လာပွဲ တောင် အကိုမလာနိုင်တာ sry ပါထယ် ဒါနဲ့ ဘယ်လိုလည်းအဆင်ပြေရဲ့လား အမျိုးသားနဲ့ အသက်တူတူပဲဆို "

" ပြေစရာလားအကိုရာ ကြည့်မရတဲ့ကောင်နဲ့မှ အမေတို့ကလည်းဘာလို့ပေးစားလည်းမသိဘူး "

ယွန်းဂီတယောက် ပြုံးပြကာ ဆိုဖာမှာဝင်ထိုင်လိုက်သည်..သူ့မျက်စိရှေ့မှာတင်ကြီးလာတဲ့ ကောင်လေးက သူ့ထက်အရင်အိမ်ထောင်ပြုသွားပြီလေ..ထိုကောင်လေးမျက်နှာဆူပုတ်ပုတ်လေးနဲ့ပြောနေတာကိုပြုံးလို့ကြည့်ရင်း စိတ်ပြေလက်ပျောက်ဖြစ်ရန်..

𝕄𝕣. 𝕄𝕣 (complete) Where stories live. Discover now