5

8.5K 358 75
                                    

နေ့လည်ပိုင်းကုမ္မဏီမှာ နေ့လည်စာစားပြီး အလုပ်ထိုင်လုပ်နေတဲ့ ထယ်ဟျောင်း..နေ့လည်စာတူတူစားပြီးပြန်လာကာ ဆွဲထားတဲ့ဒီဇိုင်းပြရန် ထယ်ဟျောင်းရုံးခန်းထဲသို့တူတူလိုက်လာခဲ့တဲ့ CEO ယွန်းဂီ.. ထယ်ဟျောင်းက ကွန်ပျူတာကနေ ဒီဇိုင်းကို print ထုတ်နေချိန် အခန်းရဲ့ဧည့်သည်ခုံမှာထိုင်ရင်းစကားလှမ်းပြောနေကြသည်..ထိုအချိန်ကုမ္မဏီရဲ့ ဧည့်ကြိုကောင်တာကနေ ထယ်ဟျောင်းစီသို့ဖုန်းဝင်လာသည်..

" ဒီဇိုင်းနာ ကင်မ်ထယ်ဟျောင်း ရှင့် ကောင်တာမှာဧည့်သည်ရောက်နေပါတယ် ကင်မ်ထယ်ဟျောင်းနဲ့တွေ့ချင်လို့ပါတဲ့ ဂျွန်ဂျောင်ဂု လို့ပြောပါတယ် "

" ဟုတ်ကဲ့လွှတ်လိုက်ပါ "

" ဟုတ်ကဲ့ပါ "

" ဧည့်သည်လာတာလား ထယ် "

" ဟုတ်တယ်အကို ဟိုကောင်လာတာ "

" ဘယ်သူ အမျိုးသားလား "

" ဟုတ်တယ်အကို "

ယွန်းဂီလည်းထယ်ဟျောင်းအဖြေကိုခေါင်းညိတ်ပြကာကြည့်လက်စဒီဇိုင်းကိုဆက်ကြည့်နေလိုက်သည်..ထယ်ဟျောင်းကလည်း print ထုတ်နေရင်း တံခါးခေါက်သံကြောင့်ဝင်လာဖို့ခွင့်ပြုလိုက်သည်. print ထုတ်ထားတဲ့စာရွက်လေးတွေကိုကိုင်ကာ သူ့ထိုင်ခုံရှိရာကနေထလာလိုက်သည်. ထိုအချိန် အခန်းထဲဝင်လာတဲ့ ဂျောင်ဂုက ထယ်ဟျောင်းစီတန်းတန်းမက်မက်လျှောက်လာကာ ပါးပြင်လေးကိုအုပ်ကာလက်တဖက်ဖြင့်ကိုင်လို့ ကျန်လက်တဖက်က ခါးသိမ်သိမ်လေးကိုသိုင်းဖတ်လိုက်ပြီး သူလာတာကိုဘာကြောင့်လာတာလည်းလို့ ဝင်လာလာခြင်းလှမ်းမေးနေတဲ့ ထယ်ဟျောင်းရဲ့ နှုတ်ခမ်းလေးကို ဆက်မမေးနိုင်အောင်အနမ်းဖြင့်ပိတ်လိုက်သည်..

" ဂျွန်ဂျောင်ဂု ဘယ်လို...အွန့် "

နှုတ်ခမ်းတခုလုံးကိုငုံကာစုပ်ယူနမ်းရှိုက်နေတဲ့ဂျောင်ဂု..မေးရိုးကနေခေါင်းမလှုပ်နိုင်အောင် ကြီးမားတဲ့လက်ဝါးကြီးဖြင့်အုပ်ကာထိန်းကိုင်ထားသလို.. ခါးကိုလည်းတင်းကြပ်နေအောင်ဖတ်ထားတာကြောင့် ထယ်ဟျောင်းမှာရုန်းမရ..
ရောက်လာလာခြင်း ခါးကိုဖတ်လိုက်တာကြောင့် အလန့်တကြားဆုတ်ကိုင်မိတဲ့ ဂျောင်ဂုရဲ့အကျီစနှစ်ဖက်ကိုလွတ်ကာရင်ဘက်ကိုအတင်းအားနဲ့တွန်းထုတ်မှသာပြုံးပြုံးကြီးနဲ့လွတ်ပေးသည် .

𝕄𝕣. 𝕄𝕣 (complete) Where stories live. Discover now