10

6.3K 357 21
                                    

တောင်ပေါ်ကဆင်းလာထဲက စိတ်သိပ်မကြည့်တော့တဲ့ ထယ်ဟျောင်း အိမ်အပြန်ကားပေါ်မှာလည်း ပြတင်းပေါက်ဘက်သာလှည့်လို့အဝေးတနေရာကိုကြည့်ပြီးပါလာခဲ့သည်..အိမ်ပြန်ရောက်တော့လည်း အဝတ်အစားလဲလို့ မနက်စာစားရန်ထမင်းစားခန်းသို့လာပြီး ရေခဲသေတ္တာထဲက စတော်ဘယ်ရီ ပန်းကန်ထုတ်လို့ ထိုင်စားနေတာက အသက်မပါသလို..

" သေနေတာလား "

သူ့မျက်စီရှေ့လက်ဝါးလှုပ်ကာခေါ်နေတဲ့ဂျောင်ဂုကိုတောင်သူမမြင်လောက်အောင်ဖြစ်နေတော့ဟိုကလည်း နူးနူးညံ့ညံ့ လေးပြောရှာသည်.

" ငါမင်းနဲ့စကားမပြောချင်ဘူး "

" အရင်ကရောပြောနေတာကြလို့ မနက်စာကို အခြားအစာမရှိပဲ အဲ့အေးနေတဲ့ စတော်ဘယ်ရီတွေစားရင် ဗိုက်အောင့်လိမ့်မယ် "

"ဂရုစိုက်နေတာလား ဝေးဝေးသွားနေစမ်းပါ "

ထိုအချိ​န် ထမင်းစားစာပွဲပေါ်က ဂျောင်ဂုရဲ့ဖုန်းကမြည်လို့လာတော့ ထယ်ဟျောင်းရဲ့အကြည့်က ထိုဖုန်းစီရောက်လို့သွားပြီး screen ပေါ်က name ကိုမြင်တော့ထိုင်နေရာကနေထကာ ရေခဲသေတ္တာထဲ စတော်ဘယ်ရီပန်းကန်ကိုပစ်ထည့်လိုက်ပြီး တံခါးကိုလည်းအားနဲ့ဆောင့်ပိတ်ကာ ထမင်းစားခန်းကနေထွက်လာခဲ့လိုက်သည်..

# ယူရီပြော
# ဒီနေ့မအားလို့ မနက်ဖြန်မှတွေ့မယ်လေ
# မဟုတ်ဘူး အမေလုပ်ခိုင်းထားတာလေးရှိလို့
# သေချာတာပေါ့ မနက်ဖြန်တွေ့ကြမယ်
# အင်း

ထယ်ဟျောင်း ဂျောင်ဂုဖုန်းပြောနေတာတွေအားလုံးကြားပြီးသွားတော့ အိမ်ရှေ့မှာထိုင်နေရာကနေထလာပြီး ဂျောင်ဂုရှိရာ ထမင်းစားခန်းသို့ပြန်ရောက်လာကာ

" ဒီနေ့ငါတို့ကို အမေလုပ်ခိုင်းထားတဲ့အစီအစဥ်ကို ငါဘက်ကဖျတ်တယ် "

" ဘာ "

" ငါပြောတာမရှင်းလို့လား "

ပြောပြီးတာနဲ့ ချက်ချင်းပဲလှည့်ထွက်သွားကာ ဘောင်းဘီ အိတ်ကပ်ထဲက ဖုန်းကိုထုတ်လို့အမေစီဖုန်းခေါ်နေတဲ့ ထယ်ဟျောင်း..ထယ်ဟျောင်းဖျတ်ပစ်တာကိုလက်မခံနိုင်တာကြောင့် ထယ်ဟျောင်းအနောက်ကနေလိုက်တာဖုန်းကိုလိုက်လုနေတဲ့ ဂျောင်ဂု..

𝕄𝕣. 𝕄𝕣 (complete) Where stories live. Discover now