အပိုင်း ၁၂

1.3K 90 7
                                    

အညိုတစ်ယောက် အဖျား၏ဒဏ်အား သုံးရက်လောက်ခံပြီးချိန်တွင် မျက်နှာလေးမှာအတော့်ပင်ချောင်သွား၏။

အညိုဖျားနေသည့်အတောအတွင်း စာတစ်စောင်အညို့စီ ရောက်လာခဲ့ပါသည်။အညိုတို့မိသားစုတွင် ကောင်းသည့်အချက်မှာ မည်သူတစ်ဦးတစ်ယောက်၏ကိုယ်ရေးကိုယ်တာနှင့်ပက်သက်သောအရာများကို မစပ်စု၊မကိုင်တွယ်တတ်ကြပါ။ထို့ကြောင့် ထိုစာသည် အညို့စီအား သေချာစွာရောက်လာခဲ့သည်။

စာအိတ်အပြင်တွင်တော့ မြန်းညိုတဲ့လေ။အထဲတွင်ရေးထားသောစာသည် မလှသော်လည်း အဆိုးကြီးထဲတော့မပါပါ။

သို့ အညို

အညို့အဒေါ်စီကစာရချိန်မှာ ကိုမော်နောက်ကျသွားပြီဆိုတာသိလိုက်ရလို့ ဝမ်းနည်းမိပါတယ်။ဒါထက်ပိုဝမ်းနည်းမိတာက အညိုရေးပေးထားခဲ့တဲ့ 'အစ်ကိုတစ်ယောက်ထက်မပိုနိုင်ဘူး'ဆိုတဲ့စာတန်းလေးက စာလုံးရေသိပ်မများပေမယ့်လည်း ဓါးတစ်ချောင်းလို လူတစ်ယောက်ကိုသေစေနိုင်သောလက်နက်တစ်ခုလိုပါပဲ။အညိုအတိတ်မှာဘယ်လောက်ပဲ ဆိုးခဲ့ပါစေ အဲ့တုန်းကလူတွေလိုမဖြစ်စေရပါဘူးလို့ကိုယ်ကတိပေးပါတယ်။ပြီးတော့  ကိုယ်အညို့ကို အမြဲစောင့်နေပါ့မယ်။ကိုမော် ချစ်ရတဲ့အညိုလေး ကျန်းမာရေးလည်းဂရုစိုက်နော်။မင်းလေးကို ကိုယ်မျှော်နေမယ်နော် အညို။

                             ကိုယ့်မြတ်နိုးရာအညိုလေး

စာအားဖတ်ပြီးချိန်တွင် အညိုနှုတ်ခမ်းမှာအလိုလိုတွန့်ကွေးလာမိပါ၏။ထိုလူသည် အညို့အား အတည်ချစ်ပါသည်တဲ့လား။

စာအိတ်လေးထဲတွင်ပါသော တရုတ်စကားပန်း ခြောက်လေးအား ထုပ်ယူကာရှူမိလိုက်ပါသည်။

“အညို...ဘာတွေ ဒီလောက်သဘောကျနေတာလဲ”

ရုတ်တရက် အခန်းထဲသို့ မမြိုင်ဝင်သာသည်မို့ အညိုလန့်သွားရ၏။

“ဟို…”

“မမြိုင် သိမ်ကြီးဈေးကိုသွားမှာ လိုက်အုံးမလား”

“လိုက်မယ်လေ...အညိုအဝတ်အစားလဲလိုက်အုံးမယ် ပြီးရင်ထွက်ခဲ့ပါ့မယ်”

ပန်းပန်ရင်နန်းဆန်တယ် (Completed)Where stories live. Discover now