အပိုင်း၁

2.3K 154 21
                                    

မက်ဆိုပိုတေးနီးယား၏ မိုင်၁၀၀၀မပြည့်သော အကွာအဝေးတွင် အီဂျစ်နိုင်ငံတော်ကြီး
တည်ရှိသည်။ အီဂျစ်ပြည်ဟောင်းကိုတတိယ
မင်းဆက်မှ ဆဌမမင်းဆက်(၂၆၈၆-၂၁၈၁)
ထိအများစုကသတ်မှတ်ကြသည်။ဆဌမမင်း
ဆက်ကာလများတွင် သမိုင်းကြောင်းအချက်
အချာများသည်ရှားပါးသောကြောင့် ဗိသုကာ
ပညာရှင်များမှာထိုခေတ်၏ သမိုင်းကြောင်း
ကို ကျောက်တုန်းပေါ်တွင် ထွင်းထုထားသည့်ရုပ်ပုံများမှ တစ်ဆင့်သာသိရလေသည်။

ထိုခေတ်ကို ပိရမစ်များ၏ခေတ် ဒါမှမဟုတ်
ပိရမစ်တည်ဆောက်တဲ့ခေတ် လို့ခေါ်ကြတယ်။

In 2024 .....
စက်တင်ဘာလ၁၀ရက်ကြာသပတေးနေ့

"ဟာ မိုးစက်ရေ မလာသေးဘူးလား။အောက်
မှာကားရောက်နေပြီဟ!!"

ဒီနေ့ကျွန်တော်တို့Archaeology(ရှေးဟောင်းသုတေသီ)ကျောင်းသားတွေအတွက် 5နှစ်
တစ်ကြိမ်ကျင်းပတဲ့ တခြားနိုင်ငံကိုလေ့လာ
ရေးခရီးထွက်ကြတာပေါ့ ပါမေက္ခချုပ်ကြီး
မဲနှိုက်လိုက်တာ ဆာဟာရရဲ့ အီဂျစ်တဲ့ အခုလဲ လေယာဉ်ကွင်းသွားဖို့ကားရောက်နေပြီ
လေ

"ဟာ မိုးစက်ရေ မင်းမပြီးတော့ဘူးလား"

ကျွန်တော်လည်းငကောင်းအသံကြားမှတွေးနေတာတွေရပ်ပြီးအောက်ကိုဆင်းလာရတော့သည်။မဟုတ်ရင် သူလက်သံကတယ်
ပြောင်တာသကိုး

"လာပါပြီကွာ မင်းကလည်းအရမ်းလောတာပဲ
ကလောကလာတာလား"

ငကောင်းကတော့မျက်နှာကြီးစူပုတ်ကာ

"မလောလို့ရမလား ငါ့ဆာဟာရကိုသွားချင်
တာမှဖျက်ဖျက်ကိုလူးနေတာပဲ မင်းကမပြီး
တော့ဘူး အောက်မှာကားကရောက်နေပြီ"

ကျွန်တော်လည်းဘာမှမပြောသာတော့ပဲပြုံး
ပြုံးဖြင့်

"အေးပါကွာ အေးပါ"

ကားပေါ်မှာတော့အတက်ကြွဆုံးကတော့
ကျွန်တော်သူငယ်ချင်း ငကောင်းပေါ့ အိန္ဒြေကိုမရဘူးကျွန်တော်လည်းမျက်စိနောက်လာတာနဲ့

"ဟျောင့်ငကောင်း ငြိမ်ငြိမ်နေပါကွာ မင်းကြည့်ရတာ ငါမူးလာပြီ "

ငကောင်းကြည့်ရတာ တော်တော်တက်ကြွနေ
တာ

"ငါ့အရမ်းစိတ်လှုပ်ရှားနေပြီကွ ငါ့ဒီနေ့ကိုစောင့်နေတာ ပိုက်ဆံလည်းမကုန်ဘူး ဘာမှ
ကိုမကုန်တာ စာရိတ်ငြိမ်း ဘယ်လောက်တန်
သလဲ"

Loyal of the Nile River (နိုင်းမြစ်ကိုသစ္စာတည်၍)Where stories live. Discover now