အညို အိမ်တွင်နေလိုက်သည်မှာ သုံးရက်တောင်ကြာသွားခဲ့ပါသည်။အညို ကိုမော်နှင့်ဝေးနေရသည့်အတောအတွင်း သိလိုက်ရသည်က အညိုကိုမော့်ကိုချစ်မိနေပြီဆိုတာပင်။
ဖေဖေနှင့်မေမေပြန်မရောက်ခင် အညိုကျောက်ပန်းတောင်းသို့ပြန်ချင်မိပါသည်။ထို့ကြောင့်အညို မမြိုင်အား ဂျီကျရပါသေးသည်။
ဧည့်ခန်းတွင် သိုးမွှေးထိုးနေသော မမြိုင်ဘေးတွင် အညိုဝင်ထိုင်လိုက်တော့ မမြိုင်က သိုးမွှေးထိုးနေရင်း အညို့အားလှမ်းကြည့်လာ၏။
“မမြိုင်...အညိုလေ ကြီးကြီးမြစီပြန်သွားအုံးမယ်...နို့မို့ဆို ဖေဖေတို့ပြန်လာလို့ အညိုမပြန်ရဘဲနေမှာကြောင့်”
“ဒါဆို ဘာကြောင့်ပြန်လာသေးလဲ”
“အကြောင်းရှိလို့ပါဆို...ပြန်ရောက်ထဲကပြောထားတာကို”
“မမြိုင်မင်းကိုဒီတိုင်းလွှတ်ထားတယ်လို့မင်းမထင်လိုက်နဲ့နော်အညို...အရင်တစ်ခါအဖြစ်မျိုးမဖြစ်ရလေအောင် အညို့ဟာအညိုစဉ်းစားပေါ့”
“ဟုတ်ကဲ့ပါမမြိုင်ကလည်း အညိုနားလည်ပါတယ်”
“ဒါဆိုအညို့ကို သွားခွင့်ပြုပြီလား”
“မနက်မှသွား ရထားလက်မှတ်ဖြတ်ခိုင်းထားပေးမယ်”
“ဒါမှမမြိုင်ကွ”
အညိုတစ်ယောက်မမြိုင်အားဖက်ကာ ဧည့်ခန်းထဲမှထွက်သွားလေသည်။ပြီးနောက် သူ့အိပ်ခန်းထဲသို့ဝင်သွားလေသည်။
ကျောက်ပန်းတောင်းကပြန်လာကတည်းက ဘာမှမပြောင်းလဲသေးသော အဝတ်ထုပ်ထဲအား မနေ့ကဝယ်လာခဲ့သော ပုဆိုးနှင့်အင်္ကျီအားထည့်လိုက်သည်။
နောက်ရက်မနက်တွင် ရထားဖြင့်ကျောက်ပန်းတောင်းသို့လိုက်လာခဲ့၏။ထို့နောက်ကြီးကြီးမြတို့ရွာသို့ နွားလှည်းဖြင့် လမ်းကြုံလိုက်လာခဲ့၏။
“ကြီးကြီးမြရေ...ကြီးကြီးမြ”
အညိုလှမ်းခေါ်လိုက်သည်နှင့် ကြီးကြီးမြကအိမ်ထဲကထွက်လာ၏။ပြီးနောက်အညို့အားမေးခွန်းများစွာမေးလာခဲ့၏။
YOU ARE READING
ပန်းပန်ရင်နန်းဆန်တယ် (Completed)
Romanceပန်းလေးတွေကလှကြတယ် သူတို့နဲ့လိုက်ဖက်တဲ့သူနဲ့ဆို ပို၍လိုက်ဖက်လှသည်။