23🌚

9K 321 46
                                    

ပွဲလုပ်ဖို့ပြင်ဆင်နေတဲ့ Fashion show ကျင်းပရာအဆောက်အဦးကြီးထဲ ထယ်​ဟျောင်းတယောက် အလုပ်တွေရှုပ်နေသည်..

" ဂင်မ်ထယ်ရေ အမကို ဒါလေးတချက်ကြည့်ပေးပါအုံး ဒါလေးကဒီလိုလေးဖြစ်နေတယ် ဘယ်လိုပြင်လိုက်ရင်အဆင်ပြေမလည်း"

" အဲ့တာက အမမင် ဒီနားလေးကို ဒီလိုလေးတွေ ထည့်ပြီးပြင်ပေးပါလား ပိုကြည့်ကောင်းသွားမယ်ထင်တယ် "

" အာဟုတ်သား ဂင်မ်ထယ်ရယ် ကျေးဇူးပါ အမပြင်လိုက်မယ် "

တယောက်ကိုအဝတ်အစားပြင်ဖို့ပြောလိုက်ပြီး အနားကိုနောက်တယောက်ရောက်လာပြန်ကာ

" အကိုဂင်မ်ထယ် ကျွန်တော်ကို လက်မှတ်လေးတချက်ထိုးပေးပါအုံး ပစ္စည်းက အကို့လက်မှတ်ပါမှတဲ့ "

" အဲ့တာများကွာ ဖုန်းဆက်လိုက်တာမဟုတ်ဘူး အကိုပြောလိုက်မှာပေါ့ပြန်လာနေရတယ် ပင်ပန်းသွားပြီကွာ"

"show ပွဲပြီးရင် ပွဲတပွဲလောက်စီစဥ်ပေးဖို့ CEO ကိုပြောပေးနော် အကို"

" ကောင်းပြီး အကို့ကို အကိုပြောပေးမယ်ကွာ "

ထိုကောင်လေးကိုနှုတ်ဆက်ကာ ပွဲလုပ်ပေးမယ်ပြောနေချိန် အနောက်နေရောက်လို့လာတဲ့ ယွန်းဂီ

" ဘာတွေပြောပေးမှာလည်းထယ် "

" ဟာ အကိုဘယ်တုန်းကရောက်လာတာလည်း "

" ခုဏပဲရောက်တာ ထယ် ဘာစားပြီးပြီလည်း နေ့လည်စာအပြင်မှာတခုခုသွားစားကြမလား "

" ဟုတ် အကို ကျွန်တော်ခုတောင်ဗိုက်ဆာနေပြီ ခုရောမုန့်ဝယ်မကျွေးချင်ဘူးလား တခုခုလောက်ဝယ်ပေးပါလားအကို  "

" မနက်စာမစားလာဘူးလားထယ် "

" စားလာတယ် ဒါပေမယ့်ဗိုက်ကထက်ဆာနေလို့ "

" ကောင်းပြီကောင်းပြီ အကိုလှမ်းမှာလိုက်မယ်ခဏလေးတော့စောင့်နော် ထယ် "

မျက်နှာလေးမဲ့ကာ ဗိုက်ကလေးကိုပွတ်လို့ပြောနေတဲ့ ထယ်ဟျောင်းကိုပြုံးပြီးကြည့်ကာ ခေါင်းလေးကိုလက်ဖြင့်ဖွဖွလေးပွတ်လို့ ထွက်သွားတဲ့ ယွန်းဂီ..

ယွန်းဂီထွက်သွားပြီးမကြာပါဘူး အနောက်ကနေထပ်မှန်ရောက်ရှိလာတဲ့ ဂျောင်ဂု ထယ်ဟျောင်းရဲ့ခေါင်းလေးကို ယွန်းဂီပွတ်သလိုပွတ်လိုက်တော့ ထယ်ဟျောင်းဟာ သူခေါင်းကိုအခြားသူပွတ်တော့ လက်ကိုဖယ်ထုတ်ကာမျက်မှောင်ကြီးကျုတ်ကာလှည့်ကြည့်လာသည်..

𝕄𝕣. 𝕄𝕣 (complete) Where stories live. Discover now