chapter-2

48 5 2
                                    

Uni....

မှုန်ဝါးဝါး အသိဉာဏ် တစ်ခုက သူ့ကို လှုပ်နိုး၍ လန့်နိုးလာခဲ့တယ် ဘေးပတ်ဝန်းကျင်တွင် သူမြင်ရသမျှက အာကာသတစ်ဖွယ် ကြယ်ရောင်စုံ တောက်ပနေတဲ့ ဂလတ်စီ တစ်ခုလိုဖြစ်နေသည်။

"ငါ ဘယ်ရောက်နေတာလည်း"
သူမှတ်မိတာကတော့ ကားတိုက်မိ၍ သတိလစ်သွားသည်ကိုပင်

'ဘာလည်း ငါသေသွားပြီ မဟုတ်ဘူးလား
ဒိလောက်ကားကြီးတစ်စင်းလုံးပြစ်တိုက်ကို မသေဘူလား'

" ရှန်ဝူးချင်း"

ခေါ်သံကြားလို့ လှည့်ကြည့်ပေမယ့် မမြင်ရပေ

"ရှာမနေနဲ့တော့ မင်း ငါ့ကိုမမြင်နိုင်ဘူး လူသား"

"ခင်များက ဘယ်သူလည်း"

"ငါက လောက ထိန်းသိမ်းရေး နတ်ဘုရား ဘဲ"

"လောက ထိန်းသိမ်းရေးနတ်ဘုရား?"

"ဟုတ်တယ်"

"ကျတော်မေးပါဦးမယ် ကျတော်က သေပြီးပြီမဟုတ်ဘူးလား"

"ဟုတ်တယ် မင်းက သေသွားပြီး"

"ဒါဆို ဘာလို့ ကျတော်က ဒီရောက်နေတာလည်း"

"ဟင်း..အဲတာက မင်းကို ငါသနားလို့ဘဲ"

"ဟမ်..ဘာလို့လည်း?"

"မင်း ဘဝက မိဘတွေလည်း ကားတိုက်မှုကြောင့် ဆုံးသွားသလို မင်းလည်း ကားတိုက်မှုကြောင့်ဆုံးသွားခဲ့ရတယ် ဒီအသက်အရွယ် အထိ တစ်ဦးထဲဖြစ်နေတဲ့မင်းကို ငါ မကြည့်ရက် လို့ ဒီ 'ကူးပြောင်းခြင်း ပင်လယ်ကို' ငါခေါ်လိုက်ရတာဘဲ"

"ကူးပြောင်းခြင်းပင်လယ်?"

"ဟုတ်တယ် ဒီနေရာကို ကူးပြောင်းခြင်းပင်လယ်လို့ခေါ်တယ် ငါရွေးချယ်ထားတဲ့ သနားစရာ ဝိဉာည်တွေကို အခြားကမ္ဘာမှာ ပြန်လည်ဝင်စားခွင့်ပေးတာဘဲ"

"ဒါဆို ကျတော်က ပြန်လည်ဝင်စားခွင့်ရမှာလား"

"ဟုတ်တယ် မင်းက ဒီကို ရောက်လာတဲ့ ပထမဆုံးဝိဉာည်လည်းဖြစ်တယ်"

"ဒါဆို ကျတော်က ပထမဆုံးပေါ့"

"အင်း"

"ကောင်းပါပြီ ကျတော်ကို အခွင့်အရေးပေးလို့ ခင်များကို ကျေးဇူးတင်ပါတယ်"

ဗီလိန်လမ်းကြောင်းမှ လွတ်မြောက်ရန်နည်းလမ်းWhere stories live. Discover now