အပိုင်း၇

1.2K 89 9
                                    

Unicode

"ဒါ့နဲ့ လာရင်းကိစ္စမေ့တော့မလို့!ဧည်သည်ကို
အရှင်ကခေါ်ခိုင်းလိုက်ပါတယ်"

ရုတ်တရပ်မိုးစက်တာရာမှာနှလုံးခုန်တွေမြန်ဆန်လာရသည်။

'ဟင် ငါ့မြေပုံခိုးပြီးထွက်ပြေးတာကိုသိသွားပြီး ငါ့ကိုသတ်တော့မို့သူခေါ်တာလား'

"မင်းကမြန်း!!!ရာရာစစမြေပုံကိုခိုးပြီးထွက်သွားရဲတယ်ပေါ့!!!"

မိုးစက်တာရာမှာရမ်လ်မက်စ်ရဲ့ဒူးကို‌ဖက်ထားရင်းနဲ့

"အသက်ကိုချမ်းသာပေးပါအရှင်ရယ် ကျွန်တော်မျိုးနောက်မခိုးတော့ပါဘူး အီးး"
မျက်ရည်တွေကျကာရမ်လ်မက်စ်ရဲ့၀တ်ရုံတော်စကိုဆုပ်ထားရင်းအော်ငိုတော့လေသည်

"အစောင့်တွေ!!!ဒီငမိုက်သားကို မိကျောင်းစာ
ကျွေးလိုက်"

အစောင့်နှစ်ယောက်မှာမိုးစက်တာရာရဲ့လက်နှစ်ဖက်ကိုဆွဲရင်းခေါ်သွားတော့မိုးစက်တာရာမှာရုန်းကန်ရင်းဒရွတ်တိုက်ကြီးပါသွားလေတော့သည်။

"ဧည့်သည် ဧည့်သည် ဧည့်သည်!!!!"

"ဟမ် ဟင်"
စီမွန်ရဲ့အော်သံကြောင့်မိုးစက်တာရာမှာအတွေးကမ္ဘာထဲကနေပြန်သတိ၀င်
လာတော့လေသည်။

"ကျွန်တော်မျိုးပြောတာကြားရဲ့လားဟင်"

"ဘာပြောလိုက်တာလဲဟင်"
မိုးစက်တာရာတကယ်ပင်မကြားဘာလို့ဆိုသူ့ဟာအတွေးကမ္ဘာထဲမှာလက်ပစ်ကူးနေလို့ပင်စီမွန်ခေါ်ကာမှပြန်သတိ၀င်လာတော့လေသည်။

"ဟင်းးး အရှင်ကခေါ်နေပါတယ်လို့"

"ဘာ ဘာ ဘာလုပ်ဖို့တဲ့လဲဟင်"

"အဲ့ဒါတော့ကျွန်တော်မျိုးလည်းမသိပါဘူး
ဧည့်သည်"

"ဒါဆိုကျွန်တော်အိပ်နေတယ်လို့ပြောလိုက်ပါလားဟင် နော်"

စီမွန်မှာတစ်ချက်တံတွေးမြိုချကာ
"ဂလု ဧည့်သည်ကကျွန်တော်ကိုနောက်နေ့
နေထွက်တာမမြင်ခိုင်းစေချင်တော့ဘူးလား"

မိုးစက်တာရာမှာနားမလည်စွာဖြင့်
"ဘာဆိုင်လို့တုန်းအကိုရဲ့"

"လိုက်ခဲ့ပါ အရှင်ကဧည့်သည်မပါလာရင်ကျွန်တော်မျိုးကိုသတ်မှာပေါ့ ကျွန်တော်လည်းကြောက်တယ်အရှင့်ကို"

Loyal of the Nile River (နိုင်းမြစ်ကိုသစ္စာတည်၍)Where stories live. Discover now