အပိုင်း၈

1.1K 114 17
                                    

(Unicode)

နက်ဖာတာရီဟာ အဆောင်ထဲကပြန်လာကတည်းကတစ်စုံတစ်ခုကိုဒေါသထွက်နေသလိုရှိတာကြောင့်အစေခံမလေးမှာအနားတောင်မကပ်ရဲပေ။

"တောက်!!!!ခွမ်း ခွမ်း"နက်ဖာတာရီဟာတောက်တစ်ချက်ခေါက်ကာလက်ထဲက
HAWAWSHI မုန့်ဗန်းကိုကြမ်းပြင်ပေါ်သို့ပြစ်ချလိုက်တာ‌ကာကြွေလင်ဗန်းလေးဟာအစိတ်စိတ်အမွှာအမွှာကွဲလျက်ပင်အစေခံမလေးတွေမှာအသက်တောင်ဖြောင့်ဖြောင့်မရှုရဲတော့ပေ။

"အကိုတော် အကိုတော် ကအရာအားလုံးကိုရ
နေတာလဲ။ညမတော်ကမိန်းမသားဆိုပြီးဘာလို့အမြဲနောက်မှာကျန်နေခဲ့ရတာလဲ!!!ဒါမတရားဘူး!!မိုးစက်တာရာကညမတော်အပိုင်!!!!!!

နက်ဖာတာရီဟာကြိမ်းဝါးကာမျက်ရည်တွေ
ကျနေတော့လေသည်။သူ့ကလေးအတွက်မုန့်
ယူသွားပေမဲ့လည်းအကိုတော်ရဲ့အဆောင်ထဲ
မှာအကိုတော်နဲ့ဖက်နေတဲ့မြင်ကွင်းဟာသူရင်ကိုအစိမ်းလိုက်ခွဲနေသလိုပင်။နက်ဖာတာရီဟာမိုးစက်တာရာကိုနှစ်သက်လို့ပဲလား။ရမ်လ်မက်စ်အပေါ်ရှုံးမှာကြောင့်နေတာပဲလားဆို
တာတောင်ကိုယ်တိုင်မသိတော့ပေ။

မိုးစက်တာရာမှာတော့ဟိုတစ်နေ့ညကတည်း
ကစပြီးရမ်လ်မက်စ်နဲ့အခြေအနေကအလောက်မဆိုးတော့ပေ။တစ်နေ့နဲ့တစ်နေ့လူကြီးအဆောင်ကိုသွားလိုက်နန်းတော်ထဲ
လျှောက်ပတ်လိုက်နဲ့အိုခေမှာစိုပြေကာသာယာ၀တီခင်မာကြည်ဖြစ်နေလေသည်။အခုလဲအဆောင်တော်ထဲတွင်အစေခံမလေး
တွေနဲ့စကားပြောနေလေတော့သည်။

"ဟား ဟား ကျွန်တော်ကလေ"

"ဟုတ်တယ်လို့ ဧည့်သည်တစ်ယောက်တည်း
ကသာအရှင့်ပေါ်ဒီလိုလုပ်ရဲတာ ကျန်တဲ့သူဆိုအမည်တော်ကြားတာနဲ့‌ကျင်ငယ်ပါထွက်
ကြတယ်သိလား"

"ဟား ဟား ဟား"အစေခံမလေးရဲ့စကားကြောင့်မိုးစက်တာရာမှာဗိုက်နှိပ်ကာရီနေလေ
တော့သည်။မိုးစက်တာရာရဲ့ရီနေပုံလေးကအပစ်ကင်းကာသွားစွယ်ချွန်လေးနှစ်ဖက်ပါပေါ်ကာမျက်လုံးလေးတွေပိတ်ကာအားရပါရ‌ရီနေတာကြောင့်မိုးစက်တာရာရဲ့ပုံစံလေးတွေကိုအစေခံမလေးတွေမှာအသဲယားနေလေ
တော့သည်။

"ဧည့်သည်က ချစ်စရာလေးပါတော့"

အစေခံမလေးတွေရဲ့စကားကြောင့်မိုးစက်တာရာမှာနေမထိထိုင်မထိဖြစ်ကာ

Loyal of the Nile River (နိုင်းမြစ်ကိုသစ္စာတည်၍)Donde viven las historias. Descúbrelo ahora