chapter-3.1

41 6 0
                                    

ဟိုးအရင်အစက ကမ္ဘာဦးနတ်ဘုရား ရွှမ်းသိက လောက ဖြစ်စဉ်တစ်လျှောက်လုံးမှ တစ်ယောက်ခဲ့ရတယ်။

ဒါကြောင့်တစ်နေ့မှာ လူသားကမ္ဘာ တစ်ခု (သို့) တုန်းရွှမ်းကိုဖန်ဆင်းပြီး နှစ်တစ်ရာပြည့်တိုင်း ကျင့်ကြံခြင်း လမ်းစဉ် တစ်နည်းအားဖြင့် နတ်ဘုရား (မသေမျိုး) လမ်းစဉ် ကိုရရှိနိုင်အောင် နှစ်တိုင်း ဆုလာဘ်တွေပေးလေ့ရှိတယ်။

တုန်းရွှမ် ကမ္ဘာကို မြင့်မြတ်ကုန်းမြေ၃ခု ဂိုဏ်ကြီး ၃ဂိုဏ်းတို့က ကိုယ်ပိုင်နယ်မြေသတ်မှတ်၍ အုပ်ချုပ်ကြသည်။

ကုန်းမြေ၃ခုကအောက်ပါအတိုင်းဖြစ်သည်။

1-ရှင်းလန် ကုန်းမြေ

2-ဖန်အန်း ကုန်းမြေ

3-လျှိ့ချီ ကုန်းမြေ

ဂိုဏ်းကြီးသုံးဂိုဏ်ကအောက်ပါအတိုင်းဖြစ်သည်။

1-ရှန်း ခေါ် ရှန်းမင် ဂိုဏ်း

2-နင်း‌ ခေါ် နင်းလန် ဂိုဏ်း

3-ဟွား ခေါ် ဟွားဝူ ဂိုဏ်းတို့ဖြစ်သည်

ထို့အပြင် ကုန်းမြေထက်ပြိမို ကျယ်ပြန့်သည့် ပင်လယ်ပြင်လည်းရှိသေးသည်။

ကျန်းချင်း သစ်တောဟူသည့် အထူးနေရာတစ်ခုလည်းရှိသည် ထိုနေရာသည် သားရဲများဖြင့်ပြည့်နေပြီ အတွင်းပိုင်းအကျဆုံးအထိ တစ်ခါမျမရောက်ဖူးကြပေ။

တုန်းရွှမ် ကမ္ဘာတွင် သားရဲများကို အောက်ပါအတိုင်း ခွဲခြားသည်။

သားရဲရိုင်း(တွေ့ကရာ မြင်ကရာ အကုန်ရန်ပြုသည်)
ရိုးရိုးသားရဲ(ကုန်ပစ္စည်းသယ်ဆောင်ရေး ၌အသုံးပြုသည် အထူးသဖြင့် မကျင့်ကြံနိုင်တဲ့ သာမန် သေမျိုးတွေက ထိန်းချုပ်ကွင်းနဲ့ အသုံးပြုကြသည်)
စိတ်ဝိညာဉ်သားရဲ(ကျင့်ကြံသူများက အသုံးပြု သည့်အများဆုံးသားရဲဖြစ်သည်)
နတ်တစ်ပိုင်းသားရဲ(အလွန် ရှား၍ ၎င်းတို့သည် ဆန်းကျယ် နယ်မြေများအတွင်း၌သာ အတွေ့များပြီး သခင်ကို ကိုယ်တိုင်ရွေးချယ်တတ်သည် ကျင့်ကြံပြီး အဆင့်တစ်ခုရောက်လျှင် ပုံပြောင်းနိုင်သည်)
နတ်သားရဲ(သားရဲများတွင် အဆင့်အမြင့်ဆုံးဖြစ်ပြီး မွေးကတည်းက အရွယ်ရောက် လူသားတစ်ဦး၏ဉာဏ်ရည်ရှိသည့်အပြင်ပုံပြောင်းနိုင်စွမ်းလည်းရှိသည်)

ဗီလိန်လမ်းကြောင်းမှ လွတ်မြောက်ရန်နည်းလမ်းWhere stories live. Discover now