အပိုင်း ၁၉

979 70 3
                                    

အညိုသတိရလာချိန်တွင် အညို့မျက်လုံးထဲတွင်အရာအားလုံးသည်ဝေဝါးနေသလို၊ခြာခြာလည်နေ၏။ထို့ကြောင့်ခဏတာမျက်စိအားမှိတ်လိုက်သည်။

အညိုနောက်ထပ်တစ်ကြိမ်ဖွင့်ကြည့်လိုက်ချိန်တွင်ပုံမှန်ပြန်ဖြစ်သွားလေသည်။မရင်းနှီးသောမျက်နှာကျက်၊မရင်းနှီးသောအနံ့အသက်၊ဆူညံနေသောအသံများကြောင့် အညိုလဲနေရာမှရုတ်တရက်ထထိုင်လိုက်မိ၏။

ရုတ်တရက်ဆန်လှသောအမြန်နှုန်းကြောင့် ခေါင်းထပ်၌ ဆစ်ကတည်းနာသွားရ၏။ထို့ကြောင့်ခေါင်းအားကိုင်ကြည့်လိုက်မိ၏။ခေါင်းထပ်တွင်ရှိသောပက်တီးလိပ်ကြောင့်အညိုလန့်သွားရသည်။

ပြီးနောက်ဘေးအားဝှေ့ဝဲကြည့်လိုက်သောအခါ အခန်းကျဉ်းလေးထဲ၌ သစ်သားကုတင်အသေးလေးများရှိသည်။ထိုကုတင်များပေါ်တွင် လူတစ်ချို့ရှိနေ၏။တစ်ချို့ကုတင်များပေါ်တွင်တော့ အလွတ်ဖြစ်နေ၏။

“သားအညိုသတိရလာပြီလား”

အသံကြားရာသို့ကြည့်လိုက်သောအခါ အညို့စီသို့တန်းမတ်စွာလာနေသော ကြီးကြီးမြဖြစ်၏။

“ကြီးကြီးမြ...အညိုအခုဘယ်ရောက်နေတာလဲ”

“ဟို...အညိုသတိမေ့နေတာ တစ်ပတ်လောက်ရှိနေပြီ...အခုဆေးရုံမှာ”

“ဟင်”

ဟင်ဆိုသည့်အသံနှင့်အတူ အညို့ခေါင်းမှာလည်းငိုက်ကျသွားလေသည်။အညို့သည်အဘယ့်ကြောင့်ယခုလိုကံဆိုးနေရသနည်း။

“ကြီးကြီးမြ...ကြီးကြီးမြကိုအညိုမေးစရာရှိတယ်...မှန်မှန်ပြောပေးပါ”

“မေးလေသားအညို”

“ဟို...ဟို မမြိုင်ကသားအမေဆိုတာတကယ်လား”

“ဒီကိစ္စတွေက ဟိုးလွန်ခဲ့တဲ့နှစ်တွေကပေါ့သားရယ်…ကြီးကြီးမြစရောက်ခါစကဖြစ်မယ်ထင်တယ်...အဲ့ကိစ္စတွေနဲ့ပက်သတ်ပြီးကြီးကြီးမြသမီးမြိုင်လေးကို အခုထိသနားနေတုန်းဘဲ”

“ဒါဆို...မမြိုင်ကသားကိုမွေးခဲ့တာပေါ့”

“ဟုတ်တယ်သား”

“အညို့ကိုအားလုံးပြောပြနိုင်မလားကြီးကြီးမြ”

“သမီးမြိုင်လေးအသက်၁၈ကျော်ကျော်၁၉လောက်မှာပေါ့...အပျိုလေးသဘာဝ ချစ်သူထားခဲ့တယ်...သူ့နာမည်က မောင်တင်ညိုတဲ့ကောင်လေးကအေးတယ်...အဆင့်အတန်းကတော့နိမ့်ပါးရှာတာပေါ့ကွယ်...သမီးမြိုင်လေးနဲ့မောင်တင်ညိုတို့ချစ်ကြိုက်နေတဲ့အကြောင်းကို...မောင်မှိုင်းသာသိသွားခဲ့တယ်...သူ့သိက္ခာအတွက်နဲ့သမီးလုပ်တဲ့သူကို အိမ်ထဲမှာဘဲပိတ်ထားခဲ့တယ်...ဒါပေမယ့်အကြောင်းအမျိုးမျိုးကြောင့် သမီးမြိုင်လေးမှာ မောင်တင်ညိုနဲ့ရတဲ့ ကိုယ်ဝန်ရခဲ့တယ်...မောင်မှိုင်းသာကမြေးဦးလေးဖြစ်သည်ကတစ်ကြောင်း၊ကိုယ်ဝန်ကိုတစ်ခုခုလုပ်လိုက်ရင်သမီးထိခိုက်မှာကတစ်ကြောင်းကြောင့်ကိုယ်ဝန်ကိုတိတ်တိတ်မွေးစေခဲ့တယ်...ပြီးတော့မောင်တင်ညိုတို့မိသားစုနဲ့ညှိကြည့်ခဲ့သေးတယ်...ဘယ်လိုမှညှိမရခဲ့ဘူး နောက်ဆုံးမှာမောင်မှိုင်းသာကလက်လျှော့လိုက်ပြီး မောင်တင်ညိုကိုအလုပ်တစ်ခုခိုင်းတယ်...အဲ့အလုပ်ကိုအောင်မြင်အောင်လုပ်နိုင်ရင် သူ့သမီးနဲ့ပေးစားမယ်ဆိုပြီးတော့ပေါ့...ဒါပေမယ့် မောင်တင်ညိုသမီးမြိုင်လေး မီးဖွားပြီးတဲ့ထိရောက်မလာခဲ့ဘူး...နောက်ဆုံးမောင်တင်ညိုရဲ့သတင်းက အသတ်ခံလိုက်ရတာဆိုတာပါဘဲ...အဲ့သတင်းလည်းကြားလိုက်ရော သမီးမြိုင်လေးမှာ ရူးမတတ်ဖြစ်ခဲ့ရသေးတယ်”

ပန်းပန်ရင်နန်းဆန်တယ် (Completed)Where stories live. Discover now