32🌚

5.2K 250 119
                                    

ထယ်ဟျောင်းတယောက်အမောဖြေနေတုန်းရှိသေးနှစ်ယောက်စလုံးစီသို့ပြိုင်တူဖုန်းဝင်လာတာကြောင့် တယောက်မျက်နှာတယောက်ကြည့်ကာ ဖုန်းကိုပြန်ကြည့်လိုက်တော့ နှစ်ယောက်စလုံးရဲ့အမေဖြစ်သူတွေစီကဖုန်းဖြစ်လို့နေသည်..

#ဟုတ်ကဲ့အ​မေ
#ဂင်မ်ထယ်ဟျောင်းခုချက်ချင်းအိမ်ပြန်လာခဲ့
...
# ဟုတ်အမေ
# သားဂျောင်ဂု ထယ်ဟျောင်းလေးအိမ်ကိုလာခဲ့

နားမလည်စွာခေါင်းလေးစောင်းလို့စဥ်းစားနေကြပြီး တယောက်နဲ့တယောက်ကြည့်ကာ..

"ဂျောင်ဂု ငါ့အမေအသံက ဒေါသထွက်နေသလိုပဲ "

" ငါ့အမေအသံက ဆိုးရိမ်နေသလိုပဲ ထယ်"

" ဘာဖြစ်လို့လည်းမသိဘူး ခုအိမ်ပြန်လာခိုင်းနေတယ် "

" ငါ့ကိုလည်း အမေက မင်းအိမ်ကိုလာခိုင်းနေတယ် "

သူတို့အိမ်ပြန်တဲ့ လမ်းကနေထယ်ဟျောင်းမိဘတွေအိမ်သို့ကားပြန်လှည့်လာခဲ့လိုက်သည်..သူတို့နှစ်ယောက်ရောက်လာတော့ ဂျောင်ဂုရဲ့မိဘတွေပါရောက်နေကြသည်..နှစ်ယောက်သားအိမ်ထဲသို့အတူတူဝင်သွားချိန်မှာ..

ဂျောင်အမေ " အမရယ် အားလုံးအဆင်ပြေသွားပြီပဲ အဲ့လိုမလုပ်ပါနဲ့ ကလေးတွေလည်းတယောက်နဲ့တယောက်ချစ်နေကြတာပဲကို "

ထယ်အမေ " ငါလုံးဝခွင့်မပြုနိုင်တော့ဘူး "

" အမေ ဘာဖြစ်လို့လည်း "

ဂျောင်ဂုနဲ့အတူတူထိုင်တော့မယ် ထယ်ဟျောင်းကိုလက်ကနေဆွဲက သူ့နားထိုင်စေလိုက်တဲ့အမေဖြစ်သူ.

ထယ်အမေ " ဘာ! သက်သေကိုမင်းကရှာပေးရတယ်ဟုတ်လား လုပ်တာကဘယ်သူလည်း ကြံစည်ခံရတာကဘယ်သူလည်း ဘာလို့မင်းကနေမကောင်းတဲ့ကြားက အပင်ပန်းခံနေရတာလည်း "

"မဟုတ်ပါဘူးအမေရဲ့ အကို အကိုရှာပေးတာပါ သားကဘာမှလုပ်စရာမလိုပါဘူး "

ထယ်အမေ " တိတ်! ဂင်မ်ထယ်ဟျောင်း ကွာရှင်းဖို့ကိစ္စလည်းပြောပြီးပြီဆိုတော့ အဲ့တိုင်းပဲဆက်လုပ်ရအောင် "

" အမေ!"

ဂျောင်အမေ " အမရယ် အဲ့လိုမလုပ်ပါနဲ့ ကလေးတွေမျက်နှာလည်းကြည့်ပါအုံး "

𝕄𝕣. 𝕄𝕣 (complete) Where stories live. Discover now