လူတစ်ယောက်ရဲ့ အားနည်းချက်က လူတစ်ယောက်ဖြစ်နေတယ်ဆိုတာ ယုံလား။ ဒီစကားဟာ သူ့ဘဝတစ်ခုလုံးကို သတ်မှတ်ပေးလိုက်တဲ့စကား... Joshuaလို့ သူ့မွေးစားဖခင် နာမည်ပေးထား၍ ဒီနာမည်နဲ့သာလူသိများပေမယ့် သူ့နာမည်အရင်းကိုတော့ ဘယ်သူမှမသိခဲ့ကြ။ ဇကလေးရှိ၍ ရွာရဲ့လူမိုက်ပေါက်စဖြစ်လာသောအခါ သူ့ဘဝတစ်ဆစ်ချိုး ပြောင်းလဲလာဖို့ လူတစ်ယောက်က ခေါ်ယူမွေးစားခဲ့သည်။ ''အနန်း'' တဲ့။ ဘဝတွင် ထိုမိန်းကလေးတစ်ယောက်ကိုသာ စွဲစွဲမြဲမြဲချစ်ခဲ့လေတော့... မိန်းကလေးတစ်ယောက်အလား ချောမောလွန်းသည့် သူ့ကို လူသတ်ရာမှာ အလွန်ကျွမ်းကျင်လိမ့်မယ်မှန်း ဘယ်သူထင်မည်လဲ။ သို့မဟုတ်...လူမိုက်တစ်ယောက်၏ နှလုံးသားတို့သည် အလွန်နူးညံ့ကြောင်းကို ဘယ်သူယုံလိမ့်မည်လည်း... ''အနန်းကိုမထိနဲ့ အနန်းကိုထိတာက ငါ့အသက်ကိုခြိမ်းခြောက်လိုက်တာပဲ'' ''အနန်းရေ...မောင်ပြန်လာမယ်နော်၊ဘုရားမှာ ပုတီးလေးစိ