"အမခုနကအမကလေး အမကိုလာရှာသွားတယ်"
ထမင်းစားကျောင်းလွှတ်ချိန်မို့ နှင်းမေ အဆောင်11 အခန်းမှာစာသင်ပြီးပြန်လာတော့ ထိပ်ထားမှဆိုလာသည်။
"ဘယ်သူလဲဟင်"
"အမရယ်ဘယ်သူရှိရမလဲ အမရဲ့နိုင်လူလေ နေမျိုးကျက်သရေပေါ့"
"ဟုတ်လားအမက စာလေးတွေမပျက်သေးတာနဲ့ဟိုအခန်းမှာကြာနေတာ"
"ဘာကိစ္စရှိလို့လဲမသိဘူး ထမင်းတောင်မစားသေးပဲလာတာဆိုတော့ အမသွားတွေ့လိုက်အုံးလေ"
"ထိပ်ထားရယ် အမသွားစရာမလိုပါဘူး ခဏနေနောက်တစ်ခေါက်ရောက်လာလိမ့်မယ်သူ"
နှင်းမေဟာ သူမရဲ့ခုံမှာထိုင်၍ ထမင်းချိုင့်အားဖွင့်လျက်ဆိုလာသည်။
နှင်းမေလဲပါလာတဲ့ ကြက်သားကြော်နဲ့ထမင်းစားပြီး ချိုင့်အံလေးကိုပြန်ဆင့်ကာ သူမဖတ်လက်စဝတ္ထုလေးအား ဆက်ဖတ်နေလိုက်သည်။
"ဟိုမှာလာနေပါပြီ အမလူ"
ထိပ်ထားမှာ ပြတင်းပေါက်အပြင်ဘက်ကိုကြည့်ကာဆိုလာသည်။
"ဆရာမ"
နေမျိုးကျက်သရေဟာ ကြားမှာရှိတဲ့ဆရာမသုံးယောက်လောက်ကိုကျော်ပြီး နှင်းမေရှိရာစားပွဲထိပ်ဆုံးသို့ရောက်သွားသည်။
"နေမျိုးကျက်သရေ ရေ နင့်အဒေါ်ငါတစ်ယောက်လုံးကဒီမှာသိလား"
ဆရာမစောယုဝါမှ သူ့အားမျက်စောင်းထိုးကာဆိုလာသည်။
နေမျိုးကျက်သရေ ဒေါင်းနှင်းမေဘက်ကိုကြည့်တော့ရှက်ပြုံးလေးပြုံးလျက်။
"ဆရာမကလဲ ကျွန်တော်မြင်ပါတယ် နည်းနည်းလေးအရေးကြီးနေလို့ ဟဲ"
နေမျိုးကျက်သရေမှာ စပ်ဖြီးဖြီးဖြင့်ပင် ဒေါင်းနှင်းမေဘက်လှည့်လျက် လက်လေးအားယူလိုက်သည်။
ကျန်ဆရာမများမှာဝောာ့ သူတို့နှစ်ယောက်အားကြည့်ကာရှုံ့မဲ့လို့
သို့သော်လဲအချစ်ဓာတ်မွှန်နေသောနေမျိုးကျက်သရေမှာ ဘယ်သူ့ကိုမှဂရုမစိုက်အားပဲဒေါင်းနှင်းမေရဲ့ လက်ကအနာလေးကိုသာငြင်သာစွာကိုင်လျက် ပလာစတာအသစ်ကိုကပ်ပေးနေသည်။
YOU ARE READING
Appreciate the flower you wear
Romanceအဲ့တာကြောင့်.. အဲ့ဒီအပျိုကြီးယောင်္ကျားမရတာ...