🌠12🌠

2.6K 181 31
                                    

Unicode

ထယ်ယောင်း လက်ပေါ်မှာတင် မေ့မျောသွားတဲ့ ဟယ်ဂျင်းကြောင့် ထယ်ယောင်းလန့်သွားပြီး အကူအညီတောင်းဖို့ ဘေးဘီဝှဲရာကို ကြည့်လိုက်တော့ ဂျီဟိုက ဂါဝန္မကာ ထယ်ယောင်းတို့နားပြေးလာသည်ကို တွေ့ရလေသည်။

"ဂျီဟို လုပ်ပါအုံး...ဟယ်ဂျင်းကို ထယ့်ကျောပေါ်တင်လိုက်..."

မေ့နေကာ သွေးတွေထွက်နေသော ဟယ်ဂျင်းကျောပြင်ကို ဂျီဟိုက သူမဂါဝန်အနားစအား ဆွဲ ဖြဲကာ ဟယ်ဂျင်း ကျောပြင်ကို စီးလိုက်ပြီး ထယ်ယောင်း ကျောပေါ်တင်ကာ ထယ်ယောင်းနဲ့ဂျီဟိုသည် ထိုနေရာမှ သုတ်ချေတင်ပြေးတော့လေသည်။

ဂျီဟိုသည် သမားတော်ကို အပြေးသွားခေါ်လေသည်။

"လုပ်ကြံသူကို မင်းကြီးက အပြစ်ပေးပါလိမ့်မယ်...မယ်မယ် စိတ်မပူပါနဲ့... "

သမားတော်ကြီးက ထယ်ယောင်းတို့အား ပြောလေသည်။

"ဒါပေမဲ့ ဟယ်ဂျင်းက သူမမွေးနေ့မှာဆိုတော့ အရမ်းဝမ်းနည်းနေမှာ..."

"ဟုတ်တယ် ထယ်ယောင်း ဟယ်ဂျင်း ဝမ်းနည်းနေမှာ..."

သူတို့နှစ်ယောက်လဲ ဟယ်ဂျင်းကို ကြည့်ပြီး သက်ပျင်းချနေသည်။

ထိုအချိန်မှာဘဲ အရှင်က ဝင်လာလေသည်။

"သူဘာဖြစ်သွားသေးလဲ..."

"အများကြီးတော့ မထိခိုက်ပေမဲ့ သတိမရသေးပါဘူး...မယ်မယ်က ဒယ်ယန်းက မလို့ ဒယ်ယန်း မင်းကြီးသိသွားရင် ပြသာနာတွေ ဖြစ်နိုင်ပါတယ်...အရှင်..."

"ငါသိတယ် အခုတောင် ဒယ်ယန်းက မင်းကြီး ဟယ်ဂျင်း သတင်းကြားလို့ ဒီကိုလိုက်လာနေပြီ..."

"အဆင်ပြေရဲ့လား အရှင်..."

"တော်သေးတာပေါ့ ထယ်လေးဘာမှမထိခိုက်သွားလို့..."

ဂျောင်ဂုသည် ဂျီဟိုနဲ့ သမားတော်ကြီး အရှေ့မှာပင် ထိုင်နေသော ထယ်ယောင်းအား ခါးကိုင်းကာ ပွေ့ဖက်လေသည်။

ဂျီဟိုသူမကတော့ အဆွေးမျက်ဝန်းများဖြင့် ဂျောင်ဂုနှင့် ထယ်ယောင်းအား ကြည့်နေလေသည်။

"အဲ့ဒါဆို ဂျီဟို ပြန်လိုက်ပါအုံးမယ်နော်... ဟယ်ဂျင်းသတိရလာမှ ပြန်လာခဲ့ပါမယ်..."

☄️𝖨𝗇𝖿𝗂𝗇𝗂𝗍𝗒 𝗈𝖿 𝗅𝗈𝗏𝖾☄️(Completed )Where stories live. Discover now