ep5

137 9 0
                                    

Uni

သူကောင်မလေးတစ်ယောက်ကိုသတိထားနေမိတာအတော်ကြာပြီအဲ့ကောင်မလေးကလုံဝကိုစွဲမက်စရာကောင်းတယ်အဲ့ကောင်မလေးရဲ့အကြည့်တွေကသိမ်းငှက်တစ်ကောင်လိုစူးရှတယ် အဲ့ကောင်မလေးရဲ့အကြည့်တွေကိုသူမလွန်ဆန်နိုင်ဘူး ဒါပေမဲ့အဲ့အချက်ကိုတော့ကောင်မလေးကမသိပါဘူး သူကြည့်ရတာအဲ့ကောင်မလေးက သူငယ်ချင်းတွေနဲ့ပဲ အများအားဖြင့်နေတတ်တယ် သူငယ်ချင်းတွေနဲ့ဆိုပျော်ပျော်နေတတ်ပြီး အခြားလူတွေနဲ့ဆိုအဲ့ကောင်မလေးကလုံးဝက်ုချေတယ် ဆိုတာသူဟိုတစ်နေကမှသိတာပင် ကောင်မလေးကိုသူတို့အတန်းထဲကကောင်လေးတစ်ယောက်ကစကာစလိုက်ပြောတာကိုတွေ့လိုက်ရတယ် သူလမ်းဆက်‌မလျှောက်ဘဲရပ်ကြည့်နေလိုက်တော့ကောင်လေးကစကားစပြောလိုက်တယ်

ရှိန်းသူရအောင်:"နန်း နင်နဲ့ငါခင်လို့ရမလား"

တိမ်ရောင်:" ခင်လို့ကရပါတယ် နင်ပုံစံကြည့်ရတာခင်ယုံတင်မဟုတ်ဘူးမှတ်လား တခြားဘာကိစ္စရှိလဲတခါထဲပြောလိုက်"

ရှိန်းသူရအောင်:" ကိုယ်မင်းကိုချစ်လို့နန်း"

တိမ်ရောင်:"ငါ့ကိုနင်တွေ့ဖူးသလိုမိန်းမအတန်းစားထဲကများထင်နေလား နင့်ရဲ့အကြောင်းတွေငါမသိဘူးထင်နေလား"

ရှိန်းသူရအောင်:" ဘာအကြောင်းတွေများလဲနန်းရဲ့"

တိမ်ရောင်:"အိပ်ချင်ယောင်ဆောင်နေတဲ့သူကိုနှိုးရခက်တယ်ဆိုတာတကယ်ပဲကို နင်နဲ့နင့်နောက်လိုက်ခွေးတစ်သိုက်က ငါ့သာနင့်ကိုလက်ခံရင် နင့်ကို ဘာတွေများပေးမယ်ဆိုပီး လောင်းထားလဲ ကိုရှိန်းသူရအောင်ရဲ့ ကားတစ်စီးမှတ်လား"

ရှိန်းသူရအောင်:"ကားတစ်စီးပါ"

တိမ်ရောင်:"ကားတစ်စီး အို ငါရဲ့မာနနဲ့ သိက္ခာတရားရယ် အလှတွေရယ်က ကားတစ်စီးပဲတန်တာလား ဟမ် နင်ငါနဲ့လာမပတ်သတ်ခင်က နန်းဖူးတိမ်ရောင်ငယ်ဟာ ဘယ်လိုမိန်းမမျိုးလဲဆိုတာ နင်မသိလို့ထင်တယ် အမှန်တကယ်နင်ငါနဲ့ပတ်သတ်မယ်ဆိုရင် အရင်ဆုံးငါ့အကြောင်းကိုစုံးစမ်းထားသင့်တာ
ရှိန်းသူရအောင်ရဲ့ "

ရှိန်းသူရအောင်:"နင်ကဘယ်လိုမိန်းမမျိုးဖြစ်ပါစေ အချိန်တန်ရင်နင်က ငါတို့ယောက်ျားတွေရဲ့ အစေခံပဲလေ မဟုတ်လား မိန်း‌မတွေဆိုတာ ယောက်ျားတွေရဲ့အလိုတွေကို ဖြည့်ပေးရမယ့်သူပဲမဟုတ်လား"

ကျွန်မချစ်သူကိုကြီးကကျောင်းကောင်စီကဗျို့Där berättelser lever. Upptäck nu