အပိုင်း (၈၈) ကင်မရာကို ဖွင့်လိုက်မယ်

644 62 0
                                    

အပိုင်း (၈၈) ကင်မရာကို ဖွင့်လိုက်မယ်

သူတို့သည် ဆွေးနွေးနေရင်းမှ ကော်ဖီစားပွဲပေါ်က ကွန်ပျူတာသည် ရုတ်တရက် သတိပေးချက်အသံ ထွက်လာတော့သည်။ ဟယ်ရှန့်သည် အလန့်တကြားဖြစ်သွားပြီး စခရင်ပေါ်က စာကို ဖတ်လိုက်လေသည်။

[ဒီစက်ရဲ့ပင်မဒေတာ တိုက်ခိုက်ခံလိုက်ရပြီး သတင်းပေါက်ကြားနိုင်တဲ့ အန္တရာယ်ဖြစ်နေပါတယ်]

" ဒီလူက တကယ်ပဲ ပွဲကို ပြောင်းပြန်ဖြစ်အောင် လုပ်ပြီး ကျွန်တော်တို့ စက်ကို တိုက်ခိုက်လိုက်တာပဲ"

ဟယ်ရှန့်၏မျက်လုံးများ ပြူကျယ်သွားတော့သည်။ သူသည် တစ်ဖက်လူ၏တိုက်ခိုက်မှုကို ခုခံရန် လုံခြုံရေးစနစ်တစ်ခု မြန်မြန် ဖွင့်လိုက်တော့သည်။ မျှော်လင့်မထားဘဲ သူ ဘယ်လောက်ပင် ကြိုးစားပါစေ တစ်ဖက်လူ၏တိုက်ခိုက်မှုက ထောင့်ပေါင်းစုံက control systemကို ထိုးဖောက်နေပြီး သူ့ထိန်းချုပ်မှုကို ဖျက်စီးပစ်လိုက်တော့သည်။

တစ်ဖက်လူ၏ကွန်ပျူတာစကေးက သူ့အထက်အများကြီး သာနေမှန်း ထင်ရှားလေသည်။ ဟယ်ရှန့်သည် သည်လိုအသေးစိတ်ကျကျ ကြောက်စရာကောင်းသည့်တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိတော့ချေ။

မြှားက စတင် ရွေ့လျားနေပြီး သူ့အမိန့်ကို နားမထောင်တော့သည်ကို တွေ့လိုက်ရသည့် ဟယ်ရှန့်သည် ကျိုးရွှမ်းအား ချက်ချင်းကြည့်လိုက်ကာ အကူအညီတောင်းလိုက်တော့သည်။

"ဥက္ကဋ္ဌကျိုး ကျွန်တော်တို့ ဘာလုပ်ကြမလဲ"

ကျိုးရွှမ်းသည် မျက်လုံးကို အောက်ချလိုက်ပြီး ကွန်ပျူတာကို လှမ်းယူလိုက်လေသည်။ သူသည် ကွန်ပျူတာကို သူ့ပေါင်ပေါ်တင်လိုက်ပြီး စခရင်ကို မျက်တောင်မခတ်ဘဲ ကြည့်ကာ ကုဒ်များကို မြန်မြန်ဆန်ဆန် အသစ်ပြန်ရိုက်လိုက်တော့သည်။ သူ့လက်ချောင်းများသည် မြန်မြန်ဆန်ဆန် ရွေ့လျားနေလေသည်။ တစ်ယောက်က တိုက်ခိုက်လိုက် တစ်ယောက်က ခုခံလိုက် ဖြစ်နေ၏။ အချီအနည်းငယ်အတွင်း သူတို့သည် နှုတ်ဆိတ်ကာ အရေးပေါ်အခြေအနေကို ဖြေရှင်းလိုက်ပြီး တစ်ဖက်လူ ထိုးဖောက်ခဲ့သည့် ဟာကွက်ကို ဖြည်းဖြည်းချင်း ပြန်ပြင်ဆင်လိုက်တော့သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now