Part 21

3.4K 229 4
                                    

"လျိုမိဖုရားမှာ ကိုယ်ဝန် ရှိနေတယ် ကျန့် "

အရှင့်ထံမှာ ကြားရသော စကားလုံးတွေက
ရှောင်းကျန့်ကို  ဝမ်းနည်းအားငယ်စေဖို့လုံလောက်တာကြောင့်
ကျန့်ရဲ့ မျက်နှာလေးက ချက်ချင်းညှိုးငယ်နွမ်းလျသွားသည်

"အဲ့ကိစ္စကြောင့် လျှိုမိဖုရားနန်းဆောင်ရောက်သွားရတာပါ
အိပ်ဆောင်ဝင်တာမျိုး မဟုတ်ပါဘူးကျန့် "

ထပ်ဆင့််ပြောပြလာသည်က ရှင်းပြနေတာမျိုးဖြစ်ပေမယ့် ရှောင်းကျန့်နားမလည်ခဲ့ပေ

"ကျွန်တော်လိုက်မမီတော့ဘူး အရှင်
ဘာအဓိပ္ပါယ်လဲ
အရှင့်ရင်သွေးလေးရဲ့ မိခင်တောင်ဖြစ်နေပြီပဲ~
အိပ်ဆောင်ဝင်ခြင်း မဝင်ခြင်းက~ အရေးပါသေးလို့လား~ ~"

အဖျားခတ်တုန်ယင်ချင်နေတဲ့ စကားလုံးတွေက ရှောင်းကျန့်ကိုသာမက
ဝမ်ရိပေါ်ကိုပါ စိတ်မကောင်းဖြစ်စေတာ
ဒီလိုအတွေးများတဲ့ ကောင်လေးမို့လဲ
လျှိုမိဖုရား ကိုယ်ဝန်အကြောင်း တခြားလူဆီက မကြားစေပဲ
သူကိုယ်တိုင်ပြောပြချင်တာ

"လျှိုမိဖုရားအပါအဝင် ဘယ်သူမိန်းကလေးနဲ့မှ အိပ်ဆောင်မဝင်ဖူးပါဘူး ကျန့်ရဲ့
အခု လျှိုမိဖုရားရဲ့ ကိုယ်ဝန်ကလည်း
ကိုယ့်ရင်သွေး မဟုတ်ရပါဘူး "

ထိုအခါမှ မျက်ဝန်းလေးတွေ အရောင်တောက်လာကာ
မျှော်လင့်တကြီး ကြည့်လာတော့သည်

အမှန်တကယ်မှာလည်း ယခင်နေ့ ညနေစောင်းပိုင်းမှာ လျှိုမိဖုရားရဲ့ ကျန်းမာရေးကို ကြည့်ရှုစောင့်ရှောက်ပေးရတဲ့ တော်ဝင်သမားတော်က သူ့ဆီရောက်လာ
မဂ်လာသတင်းဆိုပြီး ေလျှာက်ခဲ့ခြင်းပင်

ဒါကြောင့် သူကလည်း အမှန်တရားကိုသိရရန် လျှိုမိဖုရားအိပ်ဆောင်သို့ သွားခဲ့ခြင်း

ကြိတ်ပြီးဖြေရှင်းရမယ့်ကိစ္စပေမို့ နန်းတွင်းအပျိုတော်များက သို့လောသို့လော သတင်းမျာထွက်လာခဲ့တာ ဖြစ်သည်

"ဟုတ်ရဲ့လားအရှင် မိဖုရားအနေနဲ့ အရှင်ကလွဲပြီး ဘယ်ယောက်ျားသားနဲ့မှ ပတ်သက်ခွင့်မရဘူးလေ "

"ဒီအကြောင်းစုံစမ်းပြီးပါပြီကျန့်ရဲ့
တရားခံက အနီးမှာပဲ ရှိနေခဲ့တာလေ
မိဖုရားရဲ့ ဘေးမှာ ကီကီဆိုတဲ့ အပျိုတော်လေးတစ်ယောက်ရှိတယ်မလား
အမှန်တော့ မိန်းကလေး အသွင်ယူထားတာတဲ့ ယောက်ျားလေးတဲ့
လျှိုမိဖုရားနဲ့ ငယ်ချစ်တွေမို့
ဟန်ဆောင်ပြီး အနားမှာနေနေရတာတဲ့ ကျန့်ရဲ့ "

Oh My Crush, Emperor Wang [Complete]Where stories live. Discover now