part (15)

3K 149 14
                                    

ကျွန်တော်နှင့် အိမ်ပိုင်ရှင် ဦးလေးကြီး
အပိုင်း(၁၅)
ရုပ်ရှင်ရုံထဲရောက်တော့ ဦးလေးကြီးက ရုပ်ရှင်ကိုပဲ စိတ်ပါ၊လက်ပါ ကြည့်နေတာကို မြင်ရသည်။
ဒီလောက်ကြီး ရုပ်ရှင်ကိုပဲ စိတ်ဝင်တစားကြည့်နေပြန်တော့လည်း အမြင်ကပ်မိသည်။
တစ်ကယ်ဆို ကျွန်တော်နဲ့ ဦးလေးကြီး ထိုင်ကြတဲ့ ခုံတွေဟာ အတွဲခုံတွေပဲ။ဘာဘာညာညာ(ဖက်တာ၊နမ်းတာ) လုပ်ကြဖို့ဆိုတာထက် ကျွန်တော့် မျက်နှာလေးကို လှည့်ကြည့်တာ၊ငေးကြည့်တာ၊ကျွန်တော့်လက်ဖဝါးလေးကို ဆုပ်ကိုင်ပေးထားတာ ဒီလိုမျိုးလောက်တော့ လုပ်သင့်ပေမယ့် တစ်ကယ်ကို ထောပတ်ပေါက်ပေါက်တွေ တစ်စေ့ချင်း တစ်စေ့ချင်းစားကာ ရုပ်ရှင်ကိုပဲ ကြည့်နေတော့သည်။

ရုပ်ရှင် ဇာတ်လမ်းက မကောင်းဘူးလား ဆိုတော့ ကောင်းပါတယ်။ဒါပေမယ့် သူ အရမ်းကို လိုက်ပါစီးမျောပြီး ဘေးမှာ ရှိနေသည့် ကျွန်တော့်ကို မေ့နေတာကတော့ လွန်လွန်းသည်ဟု ကျွန်တော်ထင်သည်။

သူက မထိလေလေ၊ကျွန်တော်က မခံချည်း မခံသာ ဖြစ်လေလေပါပဲ။ဘယ်လောက်တောင် မခံချည်း မခံသာ ဖြစ်နေရသလဲ ဆိုရင် အဲဒီ ရုပ်ရှင်ကို လုံးဝ စိတ်မဝင်စားနိုင်တော့ပဲ ဦးလေးကြီးကိုပဲ ထိုင်ကြည့်နေမိတော့တာပါပဲ။

"ဒီ မင်းသားကို ဦး အရမ်းကြိုက်တာကွာ သိလား?။တကူးတက ကြီး လိုက်ကြည့်တာမျိုး မဟုတ်ပေမယ့် ကြုံလို့ ကြည့်မိတိုင်း အကြည့်မလွှဲနိုင်ဘူး သိလား"?

ရုပ်ရှင်ဇာတ်ကား တစ်ဝက်ကျိုးတော့မှ ကျွန်တော့်ကို စကား စ,ပြောလာတော့သည်။
ဒါတောင် စကားသာ လာပြောတာရယ် ကျွန်တော့်ကို ကြည့်ပြီး ပြောတာ မဟုတ်ပေ။

"ဘုန်းရော မကြိုက်ဘူးလား"?

သူပြောသည့် စကားကို ပြန်မတုံ့ပြန်ပဲ စိတ်ကောက်ပြီး ငြိမ်နေသည့် ကျွန်တော့်ကို ထပ်မေးပြန်သည်။

ကြိုက်တယ်လို့လည်း ပြန်မဖြေချင်၊
မကြိုက်ဘူး လို့လည်း ပြန်မဖြေချင်ပေ။
ကျွန်တော်ကတော့ သူဇာတ်လမ်းကိုကြိုက်လို့ စိတ်ပါဝင်စားစွာ ကြည့်နေတယ်လို့ ထင်နေခဲ့ပေမယ့်၊

သူကတော့ အဲဒီလို မဟုတ်ပဲ မင်းသားကို ကြိုက်လို့ မျက်တောင်မခတ်စတမ်း ငေးမောကြည့်နေတာလေ။

ကျွန်တော်နှင့် အိမ်ပိုင်ရှင်ဦးလေးကြီးWhere stories live. Discover now