နူးညံ့ခြင်းကင်းသော ခင်ပွန်း< part 10 >
အိပ်ရာခင်းနှင့် နှစ်ယောက်လုံး ချွတ်ထားသည့် အဝတ်အစားတွေကို နှင်းက လာပေးလျှင် သူအော်ထုတ်လိုက်၏။ သူ့အော်သံကြောင့် နှင်း လန့်သွားသည်။ ထို့နောက် သူ့ကို ပြူးကြောင်ကြောင်ကလေး ကြည့်ပြီး မျက်ရည်က ဝဲလာလေသည်။
"ဟိတ်....မင်းကို ဘာလုပ်ရသေးလို့ ငိုမှာလဲ"
"အကိုက အော်တာကိုး။ ဒီမှာ လန့်သွားတာပေါ့။"
"အော်အောင် လုပ်ရင် အော်မှာပေါ့။ မငိုနဲ့။ "
"ငိုချင်လာတာကို ဘယ်လိုလုပ်ရမလဲ"
သူ့အင်္ကျီပွပွကြီး ယူဝတ်ပြီး အဝတ်တွေလည်းထွေးပွေ့ထားကာ မျက်ရည်တစမ်းစမ်းဖြစ်နေသည့် ထိုတစ်ယောက်ကိုကြည့်ပြီး သူခေါင်းကုတ်လိုက်မိသည်။ စိတ်ပျက်သလို ရေရွတ်ကာ...
"လာ....ယူလာခဲ့"
"ဟုတ်...."
သူက ယူခဲ့ဆိုတော့ ဟုတ်ဆိုပြီး အထဲဝင်လာသည်။ လျှော်ရမည့်ဟာတွေကို ကြွေပြားပေါ်ချပြီး ပြန်ထွက်သွားဖို့ လုပ်လျှင်....
"မင်းက ဘယ်သွားမှာလဲ"
"အိမ်ရှေ့သွားမို့လေ"
"ဘာကိုသွားမှာလဲ။ ဒါတွေကို မင်းလည်းကူလျှော်"
"ဟင်...နှင်းမှ မလျှော်တတ်တာ။ အကိုပဲ လျှော်လိုက်လေ။ နော်...နော်လို့။"
"တစ်ယောက်ထဲ လျှော်စရာ အကြောင်းကို မရှိဘူး။ လာ...ကူလျှော်"
"နှင်းမှ မလျှော်တတ်တာ။"
"ကျုပ်လည်း မကျွမ်းဘူး။ အတူလျှာ်ရမှာပဲ။ လုပ်...ရေဘားဖွင့်။ အဝတ်တွေကို ရေစွတ်"
"ဟုတ်..."
သူကပြောလျှင်တော့ အကုန်လုပ်သည်။ ထမင်းဟင်းချက်တာ သင်ပေးတုန်းကလည်း သူသင်ပေးသမျှ အကုန်လုပ်လေသည်။ သေချာလည်း လိုက်မှတ်၏။ ဒီလောက် သင်လွယ်တတ်လွယ်သည့် မိန်းကလေးတစ်ယောက်ကို မိုးရိပ်က အိမ်ထဲမှာပဲ ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် ထားထားတာကို အံ့ဩသည်။ သူကတော့ မိုးရိပ်လို ထားမည်မဟုတ်။ အကုန်ပြန်ခိုင်းမှာ။
YOU ARE READING
နူးညံ့ခြင်းကင်းသော ခင်ပွန်း🚨
Romanceအပြောမတတ်ဘဲ ညီမဖြစ်သူကို သည်းသည်းလှုပ်ချစ်တတ်တဲ့ အစ်ကိုဖြစ်သူ မိုးရိပ်ကို အမြင်ကတ်ပုဒ်မနဲ့ ရွဲ့မဲ့ ကောင်လေးတစ်ယောက်နဲ့ ရောဂါသည် ကောင်မလေးတို့ရဲ့ love story လေးပါ 🤗