Unicode
ယဲဖန်ကို အိမ်ပြန်ပို့ပြီးနောက် ပိုင်ယွင်ရှီသည် ရှောက်ချီတိုက်ခန်းသို့ လူကိုယ်တိုင် သွားရောက်ကာ ပစ္စည်းများ ပို့ဆောင်ပေးခဲ့သည်။
"မင်း ယဲဖန်ကို ရဲစခန်းကနေ သွားထုတ်လာတာလား" ရှောက်ချီက မေးလိုက်သည်။
"ဟုတ်တယ်" ပိုင်ယွင်ရှီက ပြောလာခဲ့သည်။
"မင်း တစ်ယောက်ယောက်ကို အာမခံပေးတာ တောင်းဆိုဖို့ပဲ လိုတာလေ။ မင်းကိုယ်တိုင် စိတ်ရှုပ်ခံပြီး ဘာလို့သွားနေရတာလဲ" ရှောက်ချီက အေးစက်စွာ ပြောလိုက်၏။
ပိုင်မိသားစု၏တတိယသခင်လေးတစ်ယောက်အနေနဲ့ မျက်လုံးပေါင်းစုံက သူ့လှုပ်ရှားမှုများကို စောင့်ကြည့်နေခဲ့ကြသည်။ ရဲစခန်းကို သွားရောက်ခဲ့ပြီးနောက် တစ်ယောက်ယောက်က ယဲဖန်အပေါ် မျက်စိကျသွားမှာကို ကြောက်လေသည်။
"ယဲဖန်က ဘာကိုပြောသင့်တယ် မပြောသင့်ဘူးလဲ ဆိုတာ လုံးဝမသိဘူး။ ကျွန်တော်ကိုယ်တိုင် အာမခံမပေးခဲ့ဘူးဆို သူပြောခဲ့သည့်အရာတွေက ယုံကြည်စရာတစ်ကွက်မှ မရှိဘူးဆိုတာ ဘယ်သူ သိမှာလဲ" ပိုင်ယွင်ရှီက ခေါင်းယမ်းလိုက်လေသည်။ အိုး သူက ချိုက်ကျန်ကျွင်းကိုလဲ တစ်လက်စတည်း အာမခံပေးခဲ့ရသေးသည်။ သူ့ကိုသာ မထုတ်ပေးခဲ့ဘူးဆိုလျှင် အဲ့ကောင်လေးက ဘာတွေပြောလိုက်မလဲဆိုတာ မသိတော့ပေ။
ပိုင်ယွင်ရှီက သူ့စိတ်ထဲတွင် ပြောနေမိသည် 'ယဲဖန်က တကယ်ကို အရူးတစ်ယောက်ပါပဲ။ ချန်ခယ့်လန်က ပုံမှန်စာရင်းသွင်းဖို့ကို လုပ်ခဲ့ပေမဲ့ သူမက သူ့အပေါ် ခံစားချက်ရှိနေပါတယ်လို့ တွေးနေခဲ့လေသည်။ သူ့ဘာသာလဲ ပြန်ကြည့်ပါအုံး။ ငါးဆားနယ်လိုမျိုး ပုံမှန်အဝတ်အစားများကို ဝတ်ဆင်ထားတာကို ဘယ်နေရာကနေ ယုံကြည်မှုတွေရလာခဲ့တာလဲ'
"မင်းတို့အတူတူနေ နေတယ်ဆိုပြီး ကုမ္ပဏီမှာ ကောလဟလတစ်ခု ပြန့်နေတယ်ဆို ငါ့နားထဲတောင် ရောက်လာပြီ။ အခုတော့ မင်းက လူကိုယ်တိုင်တောင် အာမခံပေးခဲ့သေးတယ်။ နောက်ရက်အနည်းငယ်လောက်ဆို မင်းတို့တွေ လက်ထပ်သွားပါပြီဆိုပြီး လူတွေက ပြောကြတော့မယ်" ရှောက်ချီက ရှုံတွစွာ ပြောလိုက်သည်။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Kaland"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...