Chapter 34

518 20 6
                                    

''Daddy ဘာတွေပြောနေတာလဲ?''

''မင်း​လေးအသိဆုံးဖြစ်မှာပါ သက်လျာ။ဦးလေးကိုပြောရမှာအားနာပေမယ့် ကိုယ်ယောကျာ်းတစ်ယောက်လိုတာဝန်ယူသင့်လို့ သက်လျာလေးကိုအသိမပေးပဲပြောလိုက်တာပါ''

သက်ဟိန်းဘာတွေပြောနေတာလဲ။ဟင့်အင်း...
သူမတစ်ခါမှ မလုပ်ဘူးတဲ့ကိစ္စတွေကို လာပြောနေတာပဲ။

''Daddy သမီး မလုပ်_

''သက်လျာ ငါတို့နင်ဘယ်လောက်ပဲမှားမှားငါတို့နင့် ဘက်ကနေအမြဲရပ်တည်ခဲ့တယ်။ဒီတစ်ခါတော့ နင်ဘယ်လိုပဲရှင်းပြရှင်းပြ ငါနင့်စကားမယုံတော့ဘူး။''

''Daddy!''

''သက်လျာတော်တော့!''

''မေမေ?''

''ဒီတစ်ခါတော့ မေမေလည်းဖေဖေနဲ့ထောက်ခံတယ်။သမီးဆိုးသမျှ အမေတို့မျက်လုံးမှိတ်နေခဲ့တယ်။သမီး သက်ဟိန်းနဲ့တွဲတုန်းကတောင် လိမ်ခဲ့သေးတာပဲ။ အခုသမီးဘာပြောပြော အမေတို့ယုံမယ်ထင်လား?''

''အမေရယ်...
ဒီတစ်ခါတော့သမီးလိမ်နေတာမဟုတ်ပါဘူး ယုံပေးပါနော်''

သက်လျာအားအလိုလိုက်ပေးသောမိခင်မှာ အခုသက်လျာအား မလိုက်လျောပေးနိုင်သောမျက်ဝန်းတို့ဖြင့်ကြည့်နေလေသည်။

သက်ဟိန်းမှလည်း ကောက်ကျစ်သောအပြုံးတို့ဖြင့် သက်လျာအားကြည့်နေလေသည်။

''ဦးလေးတို့စိတ်မပူပါနဲ့။ကျွန်တော်သက်လျာကို တာဝန်ယူမှာပါ။''

''ဟေ့ကောင်ငါမင်းကို သူနဲ့ပေးစားမယ်လို့ပြောလို့လား!!''

''ဦးလေးတို့သဘောပါ။ဒါပေမယ့် သေချာစဥ်းစားကြည့်ပါနော်ဦးလေး နဲ့ဒေါ်ဒေါ်''

သက်ဟိန်း သက်လျာနားကပ်လာသည်။ သူမနောက်ဆုပ်ဖို့ကြိုးစားပေမယ့် သူအလျင်အမြန်ပင် ဖမ်းဆုပ်လိုက်သည်။

ထို့နောက်သူမ၏ နားထဲတီးတိုးသောအသံဖြင့်

''မင်း ခင်ကလျာခိုင်ရဲ့ ထပ်တိုးတင်တောင်းငွေတွေအကြောင်းမင်းမိဘတွေမသိစေချင်ရင် မင်းလက်ခံလိုက်ပါ။
မဟုတ်ရင်ငါမင်းရဲ့ဘဝကို ထပ်ရှုပ်ထွေးလာအောင်လုပ်ပေးမှာ။''

Dear my foreigner husband (ချစ်ရပါသောပင်လယ်ရောင်မျက်လုံးပိုင်ရှင်လေး)Where stories live. Discover now