(( 13 ))

6.4K 677 26
                                    

Unicode

Flashback

သီချင်းသံအေးအေးဖွင့်ထားသည့် ကော်ဖီဆိုင်လေးထဲတွင်ကျက်သရေရှိစွာ လှပနေသည့်လူကုန်ထံအမျိုးသမီးတစ်ဦးသည်ကော်ဖီလေးသောက်ကာ တစ်စုံတစ်ယောက်ကိုထိုင်စောင့်နေသည်။

သိပ်မကြာခင်အချိန်လေးမှာပင် ကောင်လေးတစ်ယောက်ဆိုင်ထဲသို့ဝင်လာကာထိုအမျိုးသမီးထိုင်နေသည့် စားပွဲသို့သွားလိုက်ရင်းအရိုအသေလေးပေးလိုက်တော့ ထိုအမျိုးသမီးကလက်ဟန်ဖြင့်ထိုင်စေသည်။  ထိုသူနှစ်ယောက်ကား သူစိမ်းတွေတော့မဟုတ်လှ။

Jiminသင်တန်းပိတ်သည့်မနက်ခင်းလေးမလို့ အိပ်ယာမှမထသေးဘဲ နေဖင်ထိုးသည်အထိအိပ်နေမိသည်။ Ommaကလည်း ပိတ်ရက်မလို့လာမနှိုး။ ထိုသို့သာယာနေသော Jiminရဲ့မနက်ခင်းလေးသည် ကိုကို့အမေ တစ်နည်းအားဖြင့်Taehyungအမေ Mrs.Minရဲ့ဖုန်းcall တစ်ခုတွင်ပျက်သုဉ်းရသည်။

အန်တီနှင့်ကား Taehyungနှင့်အထက်တန်းကတည်းက Taehyungတို့အိမ်ကိုဝင်ထွက်သွားလာကာ တက္ကသိုလ်ကျတော့လဲ အလည်အပတ်သွားဖြစ်သေးသည်မလို့ မစိမ်းလှပေမဲ့ အခုလိုခေါ်တွေ့ရန်ဖုန်းဆက်ခေါ်လာသည့်အတွက်တော့ ကြောက်ရွံ့မိပါသည်။ Taehyungမရှိသည့်ကာလမလို့ Taehyungနှင့်ပက်သက်ပြီးခေါ်တွေ့မည်တော့မဟုတ်။ အကြောင်းအရင်းက သူနှင့်ကိုကိုရဲ့ပက်သက်မှုကြောင့်ဖြစ်မည်မှာ ကျိန်းသေလှသည်။

ကိုကိုနှင့်သူ့ရဲ့ပက်သက်မှုကိုများ သိသွားကြပြီလား? သူ့လိုကျောင်းသားအရွယ် ကလေးသာသာကောင်လေးတစ်ယောက်နှင့်ကိုကို့လိုကုမ္ပဏီတစ်ခုလုံးကို ဦးဆောင်နေရသည့်CEOတစ်ယောက်နှင့် သဘောမတူဘူးလို့ပြောလာလေမည်လား?ပုံမှန်မဟုတ်တဲ့ ဆက်ဆံရေးကြောင်​့ လမ်းခွဲခိုင်းမည်လား? ဒါပေမဲ့ဘယ်သူ ဘယ်လိုပင်ခွဲလာခဲ့ပါစေ Jiminဘက်ကစပြီးတော့တော့ ကိုကို့ကိုဘယ်တော့မှလက်တွဲဖြုတ်မည်မဟုတ်ပါလေ။ ဒါသည် Jiminသူ့ဘဝတစ်ခုလုံးနှင့်ကျိန်ဆိုပြီးပြောရဲသည့် ကိစ္စပင်။

" အန်တီနဲ့မင်းနဲ့ သီးသန့်ကြီးမိတ်ဆက်စရာတော့ မလိုတော့ဘူးတော့ထင်တယ်Jimin အန်တီအခုတွေ့ဖို့ခေါ်ရတာကလည်း ပြောစရာကိစ္စလေး အင်း... ပြောရမယ်ဆိုရင် အကူအညီတောင်းစရာကိစ္စလေးတစ်ခုရှိလို့ပါ ပြီးတော့မင်းဘက်ကလက်ခံမယ်လို့လဲ
အန်တီမျှော်လင့်ထားပါတယ် "

𝑳𝒐𝒗𝒆 𝑰𝒏 𝑺𝒂𝒅𝒏𝒆𝒔𝒔 {Completed}Kde žijí příběhy. Začni objevovat