လွယ်လွယ်နဲ့ရရင်
လူတွေက တန်ဖိုး မထားချင်ကြဘူး

ဒါကို.......မင်းသိရင်...
နောက်တစ်ခါ ဘယ်အရာမှ အလကားမပေးပါနဲ့

လူတစ်ချို့
မင်းကို စွန့်ပစ်သွားတယ် ဆိုတိုင်း
မင်းက တန်ဖိုး မရှိလို့ မဟုတ်ဘူး

လူတစ်ချို့
မင်းအနားမှာ မပျော်တော့ဘူးဆိုတိုင်း
မင်းက အသုံးမဝင်တော့လို့ မဟုတ်ဘူး

လူတစ်ချို့
မင်းကို အရေး မလုပ်တော့ဘူး ဆိုတိုင်း
မင်းက လူရာမဝင်တော့လို့ မဟုတ်ဘူး

တကယ်တော့...

မင်းမေတ္တာ စေတနာ
မင်းရဲ့ ပေးဆပ်မှု့ မင်းရဲ့ အလေးထားမှု့နဲ့
မထိုက်တန်သူတွေ ရှိသလို....
မင်းရဲ့ အရမ်းချစ်တဲ့ ဒဏ်ကို
မခံနိုင်သူတွေလဲ ရှိတယ်

လွယ်လွယ်နဲ့ ရရင်
လူတွေက တန်ဖိုးမထားချင်ကြဘူး
ဒါကို မင်းသိရင်
နောက်တစ်ခါ ဘယ်အရာမှ အလကားမပေးပါနဲ့

စွန့်ပစ်ခံရတယ် ဆိုတိုင်း
အမှိုက် မဟုတ်ဘူး ဆိုတာ နားလည်
တစ်ဖက်က
တန်ဖိုးမသိတာလဲ ဖြစ်နိုင်တယ်လေ

တစ်ခါတစ်လေမှာ...
ကိုယ်နဲ့ မထိုက်တန်သူတွေ
ကိုယ့်ကို အမြဲနာကျင်စေတဲ့ သူတွေကို
လောကကြီး က
သူ့နည်း သူ့ဟန်နဲ့ ရှင်းထုတ်ပေးသွားတာလဲ ရှိတယ်

ပြေးလိုက်ရတာ ပင်ပန်းသလို
ဆွဲထားရတာလဲ ပင်ပန်း တာပါဘဲ

အဲ့တော့....
မနေချင်တဲ့ သူတွေကို သွားခွင့်ပြုလိုက်
နေချင်သူတွေကိုတော့ သူသဘော အတိုင်းရှိစေ

သူတို့ ဆုံးရွုံးသြားတာက
ဂရုစိုက် ပေးဆပ်ပြီး ချစ်တတ်တဲ့သူကို

မင်းဆုံးရှုံးသွား တာက
အမြဲ စိတ်ဆင်းရဲအောင် လုပ်တဲ့သူတွေကို

ကဲ ဘယ်သူ နာလဲ
မင်း မနာပါဘူး

အမှိုက်တွေ ရှင်းသွားတော့ မရှုပ်တော့ဘူးပေါ့

တစ်ယောက်ထဲ နေလဲဖြစ်တယ်
နှစ်ယောက် ရှိမှ ဘဝမဟုတ်ပါဘူး
လူတွေများလေ အပူတွေ များလေပဲ

ကိုယ့်မိသားစုနဲ့
ကိုယ့်ကို တကယ်ချစ်တဲ့ သူကိုဘဲ
တန်ဖိုး ထား မြတ်နိုးပြီး ချစ်ပါ

ကျန်တဲ့ အပေါ်ယံတွေ အတွက်
အလေးအနက်ထားပြီး မခံစားပါနဲ့

နော်..နောက်ထပ် မမိုက်ချင်ပါနဲ့

မင်းက သင်ခန်းစာတွေ ရဖို့
စာလေး တစ်ပုဒ် ပဲ ဖတ်ရတာ

ငါ့မှာက
ဘဝ နဲ့ရော မျက်ရည်တွေနဲ့ပါ
ရင်းခဲ့ရတာ
မင်းဖတ်ရတာ တန်ပါတယ် ။ #crd
  • JoinedJanuary 5, 2024


Following

Last Message
HSUJI_JI764 HSUJI_JI764 Mar 13, 2024 02:08AM
မွေးနေ့ဆိုတာ..တစ်ခြားသူတွေအတွက်တော့မသိပေမဲ့...ကိုယ့်အတွက်ကတော့...သာမန်နေ့လေးတစ်ရက်ထက်မပိုပါဘူး...13/3
View all Conversations

Story by 𝐻𝑆𝑈𝐽𝐼
ဖူးစာ၏လှည့်ကွက်  by HSUJI_JI764
ဖူးစာ၏လှည့်ကွက်
'ချစ်တယ်'ဆိုတဲ့ စကားလေးတစ်ခွန်းထဲနဲ့ ကိုယ်ကဘယ်လိုတောင်ဆွဲထားရက်ပါ့မလဲ ခလေးရယ်.... ...
ranking #630 in lovestory See all rankings