Zodiac Killer [Zawgyi]

60 0 0
                                    

ဒါကတော့ ကျွန်တော်က ဖြစ်ရပ်မှန်မှုခင်းပုံပြင်ပြောပြဖို့ ရောက်လာတာပဲဖြစ်ပါတယ်။ ဒီဟာက အမေရိကန်သမိုင်းတစ်လျှောက်မှာ မဖြေရှင်းနိုင်ခဲ့တဲ့ နာမည်အကြီးဆုံးလူသတ်မှုဖြစ်စဉ်လို့ တင်စားကြပါတယ်။ movieရိုက်ထားတာလည်းရှိတဲ့အတွက် ကျွန်တော်ပြောပြတာ မသိချင်ဘူး ဇာတ်ကားပဲသွားကြည့်မယ်ဆိုလည်း အောက်က စာပိုဒ်လေးဖတ်ပြီးရင် သွားကြည့်လို့ရပါပြီ။ [Zodiac 2007ပါ။]

"လူသတ်ရတာက မိန်းကလေးတစ်ယောက်နဲ့ခပ်ကြမ်းကြမ်းဆက်ဆံရတာ တောထဲက တောရိုင်းကောင်တွေကို သတ်ရတာထက် ပိုပျော်ဖို့ကောင်းတယ်။ ဘာလို့ဆို လူတွေဟာ အန္တရာယ်အရှိဆုံးသတ္တဝါဖြစ်လို့ ငါလူသတ်ရတာက ငါဟာနောင်ဘဝမှာ ကောင်းကင်ဘုံမှာပြန်လည်မွေးဖွားချိန် ငါသတ်ခဲ့တဲ့လူတွေဟာ ငါ့ရဲ့ကျွန်တြွေဖစ်လာကြလိမ့်မယ်"

- Zodiac Killer (1969)

ဒီZodiac Killerကောင်ဟာ လူသတ်မှုတွေထဲမှာ သူ့ရဲ့ကိုယ်ရေးအချက်အလက်တွေ၊ အမှုဖြစ်စဉ်မှာ သုံးခဲ့တဲ့လက်နက်အမျိုးအစား၊ ဖြစ်စဉ်အတိအကျတွေကို ခနဲ့တဲ့တဲ့လက်ရေးစာတွေရော ဖုန်းလှမ်းဆက်ပြီးပါ ပြန်ပေးပို့ခဲ့တဲ့ သောက်ကျိုးနည်း လူသတ်သမားပဲဖြစ်ပါတယ်။ သူ့ကို Zodiac ဆိုပြီးရည်ညွှန်းသုံးရတဲ့အကြောင်းဟာ သူပေးပို့လာဖူးတဲ့စာတစ်စောင်မှာ သူ့ကိုယ်သူ Zodiacဆိုပြီး သုံးနှုန်းခဲ့ဖူးလို့ဖြစ်ပါတယ်။ ဒါ့အပြင် လျှို့ဝှက်ကုဒ်တွေသုံးပြီး ဉီးနှောက်စားခိုင်းရတာကြိုက်တဲ့ကောင်လည်းဖြစ်ပါတယ်။ သူ့လက်ရေးမူစာနဲ့အတူ လျှို့ဝှက်ကုဒ်ပါတဲ့စာတစ်စောင်ကို ရဲဌာနနဲ့သတင်းစာတိုက်၃ခုဆီပေးပို့ပြီးလည်း ခြိမ်းခြောက်ခဲ့ဖူးပါတယ်။ သူ့ရဲ့လျှို့ဝှက်စာကို သတင်းစာရဲ့မျက်နှာဖုံးမှာ ထည့်ပေးဖို့နဲ့ မထည့်ပေးရင် လူဆက်တိုက်ထပ်သတ်ဉီးမယ်ဆိုပြီးတော့ ခြိမ်းခြောက်ခဲ့တာပါ။ လျှို့ဝှက်ကုဒ်စာထဲမှာ သူ့ရဲ့ကိုယ်ရေးအချက်အလက်အကြောင်းတွေပါဝင်တယ်ဆိုပြီးပြောထားပေမယ့်လည်း ဖြစ်နိုင်ခြေရာခိုင်နှုန်းနည်းလွန်းတယ်ဆိုပြီးလည်း သုံးသပ်ကြပါတယ်။ ဒါပေမယ့် အဲ့၎စောင်ထဲက ၁စောင်ကို သမိုင်းပညာရှင်လင်မယား၂ယောက်က ၁ပတ်အကြာမှာ ဖော်ထုတ်ပေးခဲ့ပြီး စာပါအကြောင်းအရာက ကျွန်တော်အပေါ်မှာဖော်ပြပေးထားတဲ့ အတိုချုပ်စာလေးပါ။ နောက်တစ်စောင်ကိုတော့ ၅၁နှစ်အကြာမှာမှ ဖော်ထုတ်နိုင်ခဲ့ပြီး ရေးထားတာက "ငါ့ကိုလိုက်ဖမ်းဖို့ ကြိုးစားနေကြတာ တော်တော်လေးမှ ပျော်ဖို့ကောင်းဖို့ မျှော်လင့်တယ်" ဆိုပြီးရေးထားတာဖြစ်ပါတယ်။ ကျန်နဲ့လျှို့ဝှက်စာ၂စောင်ကတော့ အခုထိ မဖော်ထုတ်နိုင်ဘဲနဲ့
ဒီအမှုဟာလည်း ခုချိန်ထိကို mysteryအဖြစ်အနေနဲ့ ကျန်ရှိနေဆဲပါ။ သူသတ်ခဲ့တဲ့လူတွေဟာ ၃၇ယောက်ရှိတယ်ဆိုပြီး သူကိုယ်တိုင်confirmပေးခဲ့ပေမယ့် စုံစမ်းရရှိခဲ့တာကတော့ ၇ယောက်သာရှိခဲ့ပြီး ၂ယောက်အသက်ရှင်ခဲ့ပါတယ်။ ဒီကိစ္စဟာ 1968-1969 ခုနှစ် အတွင်းမှာ ဖြစ်ခဲ့တာဖြစ်ပြီး 2021မှာတော့ zodiac killerကို တွေ့ပြီဆိုပြီးပြောကြပေမယ့် အကုန်လုံးက သို့လော သို့လောပါပဲ သူဟာ 2018မှာကတည်းက သေဆုံးသွားပြီဖြစ်တဲ့ Gary Frances Posteလို့လည်း ပြောကြပါတယ်။ ဒီလောက်သက်သေတွေလည်းအများကြီးချန်ခဲ့သလို အားလုံးကို တစ်ပတ်ကိုခဏခဏရိုက်နေတာ officerတွေကပဲ အသုံးမကျလို့လား ဒီကောင်ကြီးကပဲ အရမ်းလည်လွန်းနေလို့လား? ဘာဖြစ်ဖြစ် နှစ်တွေဒီလောက်ကြာနေတာတောင် ယနေ့ထိတိုင်လွတ်မြောက်နေတယ်ဆိုတာ တကယ်ကြက်သီးထစရာပါပဲ

#Kudo

#Kudo

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


သူပေးပို့ခဲ့တဲ့စာတွေပါ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

သူပေးပို့ခဲ့တဲ့စာတွေပါ။

သူပေးပို့ခဲ့တဲ့စာတွေပါ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


Zodiac Killerဆိုပြီး revealထားတဲ့ Garyပါ။ သူကတော့ ၂၀၁၈မှာကတည်းက သေသွားပါပြီ။

Warning: Spoiler Alert !Where stories live. Discover now