Unicode :
မမကအိမ်မပြန်ခင်
"ချာတိတ်ကိုယ့်ကိုချာတိတ်ရဲ့ph noပေးပါလား""ဟုတ် (ph noက××××)ပါဗျ"
"Okay ဒါဆိုကိုယ်အလုပ်ကိစ္စလေးရှိလို့သွားတော့မယ်နော် ချာတိတ် ညကျရင်ကိုယ်phဆက်လိုက်မယ်သိလား သွားပြီနော်"ဆိုပြီးမျက်စိတစ်ဖက်မှိတ်ပြသွားသေးတယ်။
"မမကလုံးဝငါ့typeကြီး…"
ညဘက်ရောက်တော့ တိမ်လွှာ မမမေ phကိုစောင့်နေလိုက်တယ်။
Ring Ring…📱
ဟော နောက်ဆုံးတော့phလာပြီလေ။
"Hello"
"ညီမလေးတိမ်လွှာလား"
"အော် ကိုကိုလား…"
"ဟဲ့ဒေါ်တိမ်လွှာ အစကတော့တက်ကြွနေပြီးအခုကျတော့အသံကဘယ်လိုဖြစ်တာလဲ"
"မဖြစ်ပါဘူး ကိုကိုရာ ခဏစောင့်ကိုကို တိမ်လွှာမားမားတို့ကိုphသွားပေးလိုက်မယ်..."
(AN:သူကြေကွဲနေတာ🤭)ကိုကိုနဲ့မားမားတို့phပြောလို့ပြီးမှ တိမ်လွှာလဲကိုယ့်အခန်းထဲပြန်လာလိုက်တော့တယ် မျှော်နေတဲ့သူကမဆက်လာတော့ရင်ထဲသိပ်တော့ဘဝင်မကျဘူးဒါနဲ့တိမ်လွှာလဲအိပ်ဖို့ပဲကြိုးစားလိုက်တော့တယ်မနက်ကျရင်လဲကိုကို့ကိုလေဆိပ်မှာသွားကြိုရဦးမယ်…
မနက်ရောက်တော့ တိမ်လွှာရယ်ပါးပါးရယ်ကကိုကို့ကိုလေဆိပ်မှာသွားကြိုပြီးပြန်လာခဲ့ကြတယ်။မေမေကတော့ကိုကိုကြိုက်တဲ့ဟင်းတွေအများကြီးချက်ထားပြီးသားတော်မောင်ပြန်လာတာကိုစောင့်နေတယ်။
ဒီတစ်ခေါက်ထမင်းဝိုင်းကတော့မိသားစုလေးယောက် စုံစုံလင်လင်နဲ့စားရတဲ့ထမင်းဝိုင်းလေးဖြစ်ခဲ့တယ်။
"ကိုကိုဒီခေါက်လာတာဘယ်လောက်ကြာကြာနေမှာလဲဟင် ကိုကိုမပြန်ခင်လေးကိုကိုနဲ့အတူတူလျှောက်လည်ချင်လို့…"
"အင်း..ကိုကိုဒီတစ်ခေါက်တော့နည်းနည်းကြာကြာနေဖြစ်မယ် တိမ်လွှာ"
"ဟီး ကောင်းတာပေါ့ "
"ဒါနဲ့ သား ဒီရေ ဟိုတစ်နေ့ကမားမားပြောထားတဲ့ကိစ္စဘယ်လိုသဘောရလဲ သားသဘောကျနေတဲ့သူရှိရင်လဲမားမားတို့ကိုပြောနော် သား မင်းပါးပါးနဲ့မားမားနဲ့မျက်စိကျနေတဲ့သူတစ်ယောက်တော့ရှိတယ် ကလေးမလေးကလိမ်မာရေးခြားလဲရှိတယ်…"
YOU ARE READING
ကိုယ့်ရဲ့ချာတိတ်...🧡
Romanceအချစ်မှာမျက်စိမရှိဘူးချာတိတ် ကိုယ်ကမင်းဖြစ်နေလို့ကိုချစ်တာမလို့မင်းသံသယကင်းကင်းနဲ့ကိုယ့်ကိုပြန်ချစ်နိုင်တယ်😉🧡