အပိုင်း - ၅

1.4K 267 34
                                    

Unicode

မတရားမှုရှိရင် တုံ့ပြန်ရမယ်၊ ရန်ငြိုးရှိရင် လက်စားချေရမယ်
___________________________________

ပစ္စည်းမှန်သမျှ ကြိုက်သလောက်အကုန်ထည့်သွင်းလို့ရပြီး အပင်တွေလည်းစိုက်လို့ရမည့် နယ်မြေတစ်ခုရှိလာပြီဆိုမှတော့ ယွင်ချဲ့မနေ့ကဝယ်ထားသည့် ပစ္စည်းတွေအားလုံးကို နယ်မြေထဲအကုန်ကောက်ထည့်ပစ်လိုက်သည်။ ထို့နောက် စိုက်ပျိုးရေးပစ္စည်းတွေရောင်းတဲ့ဆိုင်ကိုသွားကာ အစေ့တွေအများကြီးဝယ်ထားလိုက်လေသည်။ ထိုထဲမှာ စပါး၊ဂျုံ၊ပြောင်းဖူးနှင့် ရက်၂၀မုန်ညင်းဖူးတို့ပါသည့်အပြင် စိုက်ရရ၊မရရ အသီးအစေ့အချို့ကိုပါ ဝယ်ထားလိုက်သည်။ ကြက်၊ဝက်၊ငါးတို့ကိုပါ နယ်မြေထဲထည့်မွေးထားချင်သော်ငြား သူကိုယ်တိုင်ကလွဲပြီး သက်ရှိတွေဝင်လို့မရသေးဘူးဆိုသည့် ဟေးယွီသတိပေးစကားကိုပြန်သတိရလိုက်တော့ ထိုအကြံကိုယာယီရပ်ထားလိုက်ရသည်။

နေ့လည်ပိုင်း ဆံပင်ညှပ်ဆိုင်ရှေ့ကဖြတ်သွားချိန် ဆံပင်အတိုညှပ်ချင်တာကြောင့် ဆိုင်ထဲဝင်လိုက်သည်။ ဆံပင်ညှပ်ဆိုင်ထဲက ခေါင်းရိတ်စက်တွေကိုကြည့်ရင်း ကမ္ဘာပျက်ကပ်ထဲမှာ ဒါတွေကလည်း မရှိမဖြစ်လိုအပ်ကြောင်းအတွေးပေါက်သွားလေသည်။ သူ ဆံပင်ညှပ်ဆိုင်ကအပြန် Supermarketကိုသွားကာ ခေါင်းရိတ်စက်၁၀ခုလောက် တစ်ခါတည်းဝယ်ပစ်လိုက်သည်။ ကမ္ဘာပျက်ကပ်မှာ ဘယ်သူမှဆံပင်ညှပ်ဆိုင်မဖွင့်တော့တာကြောင့် ရှည်လာတိုင်းညှပ်နေမဲ့အစား တစ်ဘရိတ်တည်းအပြောင်ရိတ်လိုက်တာက အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။

ညနေပိုင်းမှာတော့ ယွင်ချဲ့အဆောင်မပြန်တော့ပဲ ငှားထားသည့် ဂိုထောင်ထဲကနေတစ်ဆင့် နယ်မြေထဲဝင်လိုက်သည်။ ပစ္စည်းတွေအများကြီးသိုလှောင်လိုက်လို့လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ နယ်မြေကနည်းနည်းလေးပိုကြီးလာသည်ဟု ခံစားလိုက်ရသော်ငြား ထိုကိစ္စအပေါ် သိပ်အာရုံမထားဖြစ်ပါ။ သူ ဟေးယွီအတွက် အထူးစပယ်ရှယ်ဝယ်လာသည့် ချောကလက်ချောင်းတွေကို ဟေးယွီဆီပစ်လိုက်ကာ ဟေးယွီညွှန်ကြားမှုအတိုင်း စိတ်စွမ်းအင်ကိုသုံး၍ နယ်မြေကိုသုံးပိုင်းခွဲထားလိုက်သည်။ တစ်ပိုင်းမှာ သိုလှောင်ထားသည့်ပစ္စည်းတွေအကုန်စုပုံလိုက်ပြီး ကျန်တစ်ပိုင်းမှာတော့ ဂျုံ၊ပြောင်းဖူးနှင့် ဟင်းသီးဟင်းရွက်အချို့ကို နေရာသေးသေးလေး တစ်ကွက်စာမှာ အရင်စိုက်ကြည့်လိုက်သည်။ ရေကန်အနားမှာတော့ လိုအပ်တာရှိလုပ်လို့ရအောင် ယာယီမြေအလွတ်တစ်ခု ထား,ထားလေသည်။ ဝယ်လာသည့် အသီးအစေ့များနှင့် အပင်ပေါက်များကို တောင်ခြေမှာ မျိုးကျဲစိုက်ပျိုးထားလိုက်သည်။

ချောင်ယန်အဖွဲ့ခေါင်းဆောင်၏ ကြင်သူသက်ညှာ [ ဘာသာပြန် ]Where stories live. Discover now