6

1.5K 169 0
                                    

     အရင်တုန်းက?

     သူ အရင်တုန်းက အဆင်ပြေတာပေါ့!

     သူ စားဖို့,အဝတ်ဝတ််ဖို့,အိမ်မှာနေတာ,သွားလည်ဖို့ . . . ဘယ်အချိန်ဖြစ်ဖြစ် သူ့ဘေးပတ်ပတ်လည်မှာ အ​စေခံတွေ အများကြီးရှိနေတတ်သည်။အိမ်တော်မှာ ဧည့်သည်တွေအများကြီးရှိပြီး ထိုဧည့်သည်တွေက သူနဲ့ စကားစမြည်ပြော,ပန်းချီဆွဲ ကဗျာစပ်,သေနတ်ပစ်,သူ့အတွက် သီချင်းဆိုပေးကြနဲ့ ဖြစ်သည်။တစ်ခါတစ်ရံ သူ စိတ်ဓါတ်ကျနေတဲ့ အချိန်တွေဆိုရင် သူတို့တွေက စန္ဒယားတီးပေးကြ ပုလွေမှုတ်ပေးကြနဲ့မို့  အတော်လေး သက်တောင့်သက်သာရှိလှ၏။

      အဲ့ဒီဘ၀နဲ့ အခုလက်ရှိဘ၀ ဘယ်နေရာများ တူလို့လဲ . . .

      ၀မ်ကျင်း ခေါင်းကိုခါရမ်းလိုက်ရင်း အတိတ်ထဲရောက်နေတဲ့ စိတ်အား ရုန်းထွက်လိုက်သည်။ထိုအရာတွေအားလုံးက သူ့အရင်ဘ၀က အရာတွေသာဖြစ်ပြီး လူဆိုတာက အမြဲတမ်း အရှေ့ကိုသာ ဆက်လျှောက်ကြရမှာဖြစ်၏။

     အဲ့ဒါကို ခဏလောက် ဘေးဖယ်ထားလိုက်ဦး,သည်မူလ အရူးဘ၀နဲ့  ဘယ်လိုဘ၀မျိုးကို ဦးတည်သွားရမလဲ?သည် နူးညံ့တဲ့ခန္ဓာကိုယ်ကို ဘယ်လို ထိန်းသိမ်းရမလဲ?

     သူ နည်းနည်း သိချင်စိတ် ဖြစ်မိပေမယ့်လဲ သည်မျိုးနွယ်ကိုမရောက်ခင်က မှတ်ဥာဏ်တွေ ရှိမနေပေ။

     သူ ဒီမျိုးနွယ်စုမှာ ရှိနေတဲ့အချိန်ကိုသာ မှတ်မိ၏။တန့်မုမျိုးနွယ်စုခေါင်းဆောင်က သူ့အား ဒီလူ့အခန်းထက်တောင် ပိုဆိုးတဲ့ အခန်းတစ်ခန်းကို ပေးထားပြီး အခန်းထဲမှာ ကုတင်တစ်လုံးကလွဲလို့ ဘာမှမပါရှိပေ။

      နေ့တိုင်း 'အားမူ'လို့ ခေါ်တွင်တဲ့ ကောတစ်ယောက်က သူ့ဆီ အစားအစာ ယူလာပေးလေ့ရှိလေသည်။ထိုကောရဲ့ခြေထောက်တွေက ဖောရောင်နေပေမယ့်လဲ အလွန် နူးညံ့ကြင်နာသူ တစ်ယောက်ဖြစ်၏။မူလခန္ဓာကိုယ်က အရမ်းရူးသွပ်နေတာကြောင့် သူ့ကိုယ်သူ ဘယ်လိုဂရုစိုက်ရမှန်းတောင် မသိပေ။အားမူကသာ သူ့ကို ဂရုစိုက်ပေးခဲ့ရတာ ဖြစ်သည်။

     ဒါပေမယ့်လဲ အားမူက မူလခန္ဓာနားမှာ အမြဲမလိုက်ပါနိုင်ပေ။သူက တစ်နေ့မှာတစ်ကြိမ်သာ ပေါ်လာတတ်သည်။သူထွက်သွားပြီဆိုတာနဲ့  တခြားကောတချို့က မူလခန္ဓာကိုယ်ရဲ့ အစားအစာကို လုယူဖို့ လာတတ်ကြ၏. . . . မူလခန္ဓာကိုယ်ရဲ့ လေးစားမှုကလဲ ဒီလိုနဲ့ ပျောက်ကွယ်သွားခဲ့လေသည်။

အရူးကောအာတစ်ယောက်အဖြစ် ပြန်မွေးဖွားလာခြင်းWhere stories live. Discover now