အပိုင်း - ၅

758 122 10
                                    

Unicode

" ယီဝေ " စန်းချီ က ယီဝေရဲ့ ပုခုံးကို ပုတ်လိုက်ပီး " မင်းက သူတို့ အကြောင်းကို သိနေတာပေါ့... ငါထင်တာက မင်းကကုယန် ကိုအရမ်းကြိုက်လွန်းလို့ သူ ဘာလုပ်လုပ် မင်းဂရုမစိုက်ဘူး လို့  အခု တော့ မင်းက ဟန်ဆောင်နေတာပေါ့လေ.."

" မင်းက အထင်သေးတာပဲ..မင်း ကိုယ်တိုင်က ရော နှိမ့်ချပီးတော့နေတာလား" ယီဝေ တည့်တိုးပြောလိုက်တယ်။

" မှန်တယ်" စန်းချီ ကခေါင်းငြိမ့်လိုက်ပီး " ငါ မင်းကိုပြောမယ် မင်း ကတကယ် ထက်မြက်တာပဲ ..ကုဟန် နဲ့ ယီရွှမ်း က မင်းနောက်ကွယ် မှာ ဖုံးကွယ်ထားတာကို မင်းက တိုက်ခိုက်ပီး ဘယ်လိုတောင် လက်စားချေလိုက်တာ လဲကွာ .. အရမ်းမိုက်တယ် ငါတို့ သူတို့ကို ဒီလိုမျိူးလုပ်သင့်တာ ...ဒါမှသူတို့လည်း ဖုံးကွယ် ခြင်းနဲ့ သစ္စာဖောက် ခံရခြင်းကို သူတို့ သိမှာ"

စန်းချီ က ကုဟန် နဲ့ ယီရွှမ်း တို့နဲ့ အမြဲတမ်းအဆင်မပြေဘူး ..သူတို့နှစ်ယောက်လုံးက ကြောင်သူတော် တေလို့ ခံစားရတယ် .... ပီးတော့သူတို့ အခြားသူတေကို တသက်လုံးမထိခိုက် ‌စေဖို့ မျှော်လင့်တယ်။

ယီဝေ ကအလွန်တည်ငြိမ်နေတယ်... တိုက်ခိုက်ခြင်းနှင့် လက်စားခြေခြင်းအနည်းငယ် က သူ့ကို စိတ်ကြေနပ် စေနိုင်မှာ မဟုတ်ပါဘူး။

စန်းချီ က ယီဝေ ထက်ပိုပီး စိတ်လှုပ်ရှားနေတယ်။ "ငါ သူတို့နဲ့ ဆန့်ကျင်ဘက်မှာ ထိုင်တာ သူတို့ရဲ့ အမူအရာတေကို ရှင်းရှင်းလင်းလင်း တွေ့ရတယ်။ ငါရီချင်တာကိုတောင်မအောင့်နိုင်ဘူး...ငါ တပတ်လုံး ရယ် နိုင်လောက်မယ်ထင်တယ်...မဟုတ်ဘူး တလလောက် ရယ်နေရလိမ့်မယ်  ....ငါ သူတို့ရဲ့မျက်ခွက်တေ ကိုကြည့်လိုက်တိုင်း ကို ရယ်ချင်နေတာ..... ငါ့ကို တလ လုံးရယ်အောင်လုပ်နိုင်တဲ့ မင်းကို ကျေးဇူးတင်တယ်ကွာ...."

" မင်း ကု ဥက္ကဌ ရဲ့အလုပ်သင်လက်ထောက် ဖြစ်လာတာကို ငါ အံ့သြနေတုန်းပဲ" စန်းချီ က ဆက်ပြောတယ် " သေချာတွေးကြည့် တော့လည်း ကု ဥက္ကဌ ရဲ့ အလုပ်သင် လက်ထောက် ဖြစ်လာခြင်းက လူတိုင်းရဲ့ မျှော်လင့်ထားတဲ့တိုင်း သင့်လျော်တယ်.....ဘာလို့ဆို မင်းရဲ့ တဦးချင်း အမှတ်တေက အမြင့်ဆုံးတေ လေ"

အဆင့်အတန်းမြင့်သောလူချမ်းသာကြီးရဲ့ဆက်ခံသူကိုမွေးဖွားပီးနောက်(ဘာသာပြန်)Where stories live. Discover now